Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲမှု ပိုမိုပြင်းထန်စွာ ပြုလုပ်လာနေ၊ နေအိမ်အဆောက်အဦးများ ထပ်မံထိခိုက်ပျက်စီး

မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲမှု ပိုမိုပြင်းထန်စွာ ပြုလုပ်လာနေ၊ နေအိမ်အဆောက်အဦးများ ထပ်မံထိခိုက်ပျက်စီး

0
By Editor on June 8, 2026 Khonumthung

(006SV)

ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို အာဏာသိမ်းစစ်တပ်က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ကို လေကြောင်းဗုံးကြဲမှု ပိုမိုပြင်းထန်စွာ ပြုလုပ်လာနေပြီး နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှု အများအပြား ရှိနေကြောင်း သိရသည်။

ယနေ့ဇွန်လ ၈ ရက် မနက်ပိုင်းမှာပင် မင်းတပ်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်မှ ၁၁ နာရီ ၁၅ မီနစ်အထိ မင်းတပ်မြို့အရှေ့ခြမ်းနေရာများကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ၃ ကြိမ် လေကြောင်းတိုက်ခိုက်ရာ ဗုံး ၆ လုံး အသုံးပြုခဲ့သည်ဟု မင်းတပ်မြို့ဒေသခံထံမှ သိရသည်။

ယင်းအချိန်မှာပင် Y- 12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးများကို ၄ လုံးတစ်တွဲ၊ ၅ လုံးတစ်တွဲနှင့် ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးပေါင်း ၄၀ ကျော်အထိ အသုံးပြုကြောင်း မင်းတပ်မြို့ဒေသခံ ကိုဟာကလေးထံမှ သိရသည်။

ယနေ့ မနက် ၇ နာရီခွဲခန့်ကလည်း မင်းတပ်မြို့အရှေ့ခြမ်း တစ်နေရာကို ဂျက်ဖိုက်တာ ၂ စီးမှ ၃ ကြိမ် လေကြောင်းတိုက်ခိုက်ရာ ဗုံး ၆ လုံး အသုံးပြုခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၇ ရက်၊ နံနက် ၁ နာရီခန့်မှာလည်း မင်းတပ်မြို့ပေါ်ကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ နံနက် ၁၀ နာရီခွဲခန့်မှာလည်း ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်သွားကြောင်း သိရသည်။

လေကြောင်းဗုံးကြဲခံမှုကြောင့် ဒေသခံပြည်သူအပါအဝင် မင်းတပ်မြို့ ထိခိုက်မှု အခြေအနေနှင့်ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိနိုင်ရန် မေးမြန်းနေဆဲဖြစ်သော်လည်း အဆက်အသွယ်မရသေးပါ။

ဇွန်လ ၆ ရက်နေ့တွင်လည်း မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်တပ်က အင်အားအလုံးအရင်း ၂၀၀၀ ကျော်ဖြင့် လေကြောင်း ပစ်ကူအများအပြား အသုံးပြု၍ မကွေး၊ ယောဒေသမှတဆင့် ချင်းတောင်ပိုင်း၊ ကန်ပက်လက်နှင့် မင်းတပ်မြို့များကို ထိုးစစ်ဆင်တိုက်ခိုက်လာရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်များနှင့် မေလလယ်မှ စတင်၍ ယနေအထိ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ချင်းတောင်ပိုင်းသို့ ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းများကို ချင်းပူးပေါင်းတပ်များက အောင်မြင်စွာ ခုခံဟန့်တားထားနိုင်ပြီး အခြေအနေမကောင်းသော စစ်တပ်က ဂျက်ဖိုက်တာ၊ Y- 12 လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်နေသည်ဟု CPU/ CPA ထံမှ သိရသည်။

မင်းတပ်အပါအဝင် ချင်းတောင်ပိုင်းမြို့များမှ ဒေသခံပြည်သူ ထောင်ချီသည် လက်ရှိမှာ စစ်တပ်၏ ဖြတ်လေးဖြတ်ကို ထပ်မံ ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ချင်းတောင်ပိုင်း အင်အားစုတချို့ထံမှ သိရသည်။

ချင်းတောင်ပိုင်း ထိုးစစ်ဆင်မှုကို ခုခံကာကွယ်ရန် ချင်းပြည်သူများ ချင်းပြည်အရေးပေါ်ကာကွယ်ရေး ရန်ပုံငွေ ထည့်ဝင်ကြရန်နှင့် ပြည်သူများ လေကြောင်းရန် အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် သတိပြုနေထိုင်ရန် ချင်းအင်အားစုများက သတိပေးနှိုးဆော်ထားသည်။

ဓါတ်ပုံ – HKL Mindat

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.