Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့က စစ်ကောင်စီအမာခံ ခလရ ၂၇၄ ကို ချင်းညီနောင်နှင့်ပူးပေါင်းတပ်က သိမ်းပိုက်
ပုံစာ - မင်းတပ်မြို့က ခလရ ၂၇၄ တပ်ရင်း

မင်းတပ်မြို့က စစ်ကောင်စီအမာခံ ခလရ ၂၇၄ ကို ချင်းညီနောင်နှင့်ပူးပေါင်းတပ်က သိမ်းပိုက်

0
By Editor on December 21, 2024 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို ထိန်းချုပ်ထားသော စစ်ကောင်စီ၏ ခလရ – ၂၇၄ တပ်ရင်းကို ချင်းညီနောင် ပူးပေါင်းတပ်များက သိမ်းနိုင်ပြီဖြစ်ကြောင်း ဒေသခံတချို့ထံမှ သိရသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များက ဖော်ဆောင်လျက်ရှိရာ တိုက်ပွဲရက်ပေါင်း ၄၃ ရက်မြောက်ဖြစ်သည့် ဒီဇင်ဘာလ ၂၁ ရက် မနက်ပိုင်းတွင် ခလရ – ၂၇၄ ကို သိမ်းနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် မကွေးတိုင်းယောနယ်မှ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးနေသောကြောင့် လူစိမ်းများတွေ့ပါက နီးစပ်ရာအဖွဲ့အစည်းများထံ ဆက်သွယ်ပေးကြရန်နှင့် သတိပြုနေထိုင်ကြရန် လိုအပ်သည်ဟု သိရသည်။

ယနေ့ မနက် ၁၁ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် Y – 12 ဗုံးကြဲလေယာဉ်ဖြင့် ၁၀ လုံးတွဲ၊ ၅ လုံးတွဲ၊ ၃ လုံးတွဲ ဗုံးသီးများအသုံးပြု၍ တနာရီခန့် တိုက်ခိုက်သွားကြောင်း၊ နံနက် ၂ နာရီခွဲကလည်း ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်သည်ဟု မင်းတပ်မြို့ခံတစ်ဦးထံမှ သိရသည်။

မင်းတပ်မြို့ပေါ်ရှိ စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်းအိမ်ရာ လိုင်းခန်း (စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေး ဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတပ် (မင်းတပ်) မြလေးပွင့်စေတီကုန်း၊ ၄ မိုင်းကုန်းကို သိမ်းပိုက်ကာ မင်းတပ်မြို့နေရာအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည်ဟု ချင်းညီနောင်အဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၅ ရက်က မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များပါ လက်နက်ချသောကြောင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီသည် Cluster ဗုံးများ၊ (ဗုံးသီးအများအပြား ပါဝင်သော ထပ်ဆင့် ပေါက်ကွဲစေသော ဗုံး)၊ မီးလောင်ဗုံးများ၊ ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအမျိုးမျိုးဖြင့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်များစွာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်သည်အထိ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.