Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့က နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီဗုံးကြဲ၍ ဘုရားကျောင်းတစ်ခုလုံးပျက်စီး

မင်းတပ်မြို့က နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီဗုံးကြဲ၍ ဘုရားကျောင်းတစ်ခုလုံးပျက်စီး

0
By Editor on April 14, 2025 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်ရှိ မြို့မနှစ်ခြင်းဘုရားကျောင်း (MBC) ကို စစ်ကောင်စီက ယမန်နေ့ညနေမှာ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားသည်ဟု သိရသည်။

ဧပြီလ ၁၃ ရက် သံလွင်ခက်တနင်္ဂနွေနေ့ (Palm Sunday) ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် နေပြည်တော် အေလာလေတပ်မှတက်လာသော ဂျက်ဖိုက်တာတစ်စီး က MBC ဘုရားကျောင်းကို ပြင်းအား ပေါင် ၅၀၀ ဗုံးဖြင့် အကြောင်းမဲ့ တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံ တစ်ဦးကပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကံကောင်းထောက်မစွာဖြင့် အရပ်သားသေဆုံးမှုမရှိသော်လည်း ဘုရားကျောင်းတစ်ခုလုံး ကြေမွပျက်စီးသွားသည်ဟု သိရသည်။

“ကျနော်တို့ တန်ဖိုးထားမြတ်နိုးရတဲ့ အသင်းတော်၊ ကျနော်တို့ဘုရား၌မွေ့လျော်ခဲ့ရတဲ့အသင်းတော် ကျနော်တို့ဘုရား ဂုဏ်တော်ချီးမွမ်းခဲ့တဲ့အသင်းတော်၊ ကျနော်တို့တွေအတူတူဆုတောင်းခဲ့တဲ့ အသင်းတော်၊ ကျနော်တို့တွေရပ်နီးရပ်ဝေးကတစ်ခါမှမသိမမြင်ဖူးတဲ့သူတွေနဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ရတဲ့အသင်းတော်၊ အမှတ်တရတွေနဲ့ပြည့်နေတဲ့ အသင်းတော်လေး၊ တစ်နေ့အားလုံးအတူတူ ပြန်ဆုံတွေ့မယ်လို့အားခဲထားရတဲ့နေရာလေး၊ ပျက်စီးသွားပြီ၊ နှလုံးသားတွေကြေကွဲရတယ်ဝမ်းနည်းမျက်ရည်တွေလည်းကျခဲ့ရတယ်” ဟု Mindat Baptist Church က လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

စစ်ကောင်စီကင်းစင်ပြီဖြစ်သော မင်းတပ်မြို့တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ် လျှက်ရှိပြီး ဧပြီလ ၉ ရက်နေ့ကလည်း မင်းတပ်မြို့အနီး ဖွီကျေးရွာကို လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်နှင့် ဘာသာရေးဆရာအပါအဝင် အရပ်သား ၆ ဦးသေဆုံးခဲ့ရသည်။

ထို့အပြင် AG ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့သည်ဟုသိရသည်။

အလားတူ မင်းတပ်မြို့အနီး ကန်ပက်လက်မြို့ကိုလည်း ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီကင်းစင်ပြီဖြစ်သော ကန်ပက်လက်မြို့ကို ဧပြီလ ၂ ရက်နေ့တုန်းကလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာအဆောက်အအုံများအပါအဝင် လူနေအိမ် ၂၀ ကျော်ပျက်စီးခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.