Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

0
By Editor on May 8, 2025 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က အစိုးရအဆောက်အဦးနှင့် လူနေအိမ်နေရာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူများ သေဆုံးမှုရှိသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မေလ ၇ ရက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို နေ့လယ် ၁ နာရီခွဲခန့်တွင် မင်းတပ်မြို့အနီးဝန်းကျင်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှု ပမာဏ ကြီးမားကြောင်း ဓါတ်ပုံသက်သေဖြင့် မင်းတပ် -ပအဖက မေလ ၇ ရက်က သတင်းထုတ်ပြန်သည်။

နေ့လယ် ၂ နာရီ ၄၀ ခန့်တွင်လည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အစိုးရ အဆောက်အဦးနှင့် ဝန်းထမ်းအိမ်ရာများ ထိခိုက်ပျက်စီးပြီး အရပ်သားပြည်သူများ အသက်ဆုံးရှုံးမှု ရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ အမျိုးသား ၃ ဦး သေဆုံးသွားကြောင်း ချင်းဒေသတွင်း သတင်းဌာနတချို့က ဖော်ပြထားသော်လည်း သီးခြားအတည်ပြု၍မရသေးပေ။

မင်းတပ်မြို့ပေါ်လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ပြည်သူထိခိုက်သေဆုံးမှု၊ အဆောက်အဦးပျက်စီးမှုများအကြောင်း မင်းတပ်မြို့ပအဖ တာဝန်ရှိသူများထံ မေလ ၈ ရက် နေ့လယ်ပိုင်းအထိ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရသေးပါ။

ဧပြီလ ၁၆ ရက်ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အစိုးရရုံး အဆောက်အဦး ၁ ခုနှင့် ဝန်ထမ်း အိမ်ရာ ၂ လုံး၊ လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စပ်ပြုလုပ်နေပြီး အစိုးရအဆောက်အဦးများနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားနေကြောင်း၊ အရပ်သားပြည်သူများလည်း ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

မင်းတပ်မြို့ကို CDF – မင်းတပ်က သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးများ လုပ်ဆောင်ကာ အုပ်ချုပ်ရေးယန္တရာလည်ပတ်လျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ မိမိဆန္ဒမပါဘဲ စစ်မှုထမ်းစေခိုင်းခြင်းများ ဖြစ်ပွားနေဟုဆို

ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ရေး တားဆီးမည်ဟု ချင်းအင်အားစုများပြော

ပလက်ဝကို ရခိုင်၏ ခရိုင်တစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်းကို လက်မခံကြောင်း CC ဒုဥက္ကဌပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.