Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့တွင် ကိုယ်ဝယ်ထားသည့်ဆန်ကိုတောင် စစ်တပ်၏ ခွင့်ပြုချက်ရမှ စားခွင့်ရသည့်အခြေအနေ ရောက်နေ

မင်းတပ်မြို့တွင် ကိုယ်ဝယ်ထားသည့်ဆန်ကိုတောင် စစ်တပ်၏ ခွင့်ပြုချက်ရမှ စားခွင့်ရသည့်အခြေအနေ ရောက်နေ

0
By Editor on August 16, 2022 Headline

ချင်းပြည်နယ် မင်းတပ်မြို့တွင် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်ကို စစ်ကောင်စီဘက်က ထိန်းချုပ်ကန့်သတ်ထားပြီး ဒေသခံပြည်သူများအနေဖြင့် ကိုယ်ဝယ်ယူထားသည့်ဆန်ကိုတောင် စစ်နယ်မြေမှူး၏ ခွင့်ပြုချက်ရမှသာ စားခွင့်ရသည့်အခြေအနေ ရောက်နေသည်ဟု သိရသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မင်းတပ်မြို့တွင် နယ်မြေခံတပ်ရင်းဖြစ်သည့် ခလရ ၂၇၄ တပ်ရင်းက ဆန်ကို ထိန်းချုပ်ကန့်သတ်ထားပြီး မြို့ပေါ်တွင် လွတ်လပ်စွာ ဆန်သယ်ယူရောင်းချခွင့်မပြုသည်မှာ တစ်နှစ်ကျော်ရှိလာပြီဟု သိရသည်။

ထိုအခြေအနေတွင် မင်းတပ်မြို့ပေါ်ရှိ ဘာသာရေးဆရာတော်၊ ဘုန်းကြီးများက အသင်းသူ/အသင်းသား ဒေသခံပြည်သူများ စားသုံးရန်အတွက် စစ်နယ်မြေမှူး၏ ခွင့်ပြုချက်ရမှသာ မကွေးတိုင်း ပခုက္ကူမြို့သို့ ဆန်ကို သွားရောက်ဝယ်ကြရသည်ဟု မင်းတပ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘာသာပေါင်းစုံကနေ ကိုယ့်ဘာသာဝင်တွေကို နှိုးဆော်ပြီးမှ မိုးတွင်း ရိက္ခာစုဆောင်းဖို့ စစ်နယ်မြေမှုးစီမှာ ခွင့်တောင်းကြတယ်၊ ခွင့်တောင်းတဲ့အတိုင်း စစ်နယ်မြေမှူးကနေ ကျနော်တို့ကို ဘုရားကျောင်းအလိုက် ဘုန်းကြီးကျောင်းအလိုက်ခွင့်ပြုပြီးမှ ပခုက္ကူမှာ ဆန်သွားဝယ်ကြတယ်၊ ပြည်သူတွေကလည်း မရှိ ရှိတဲ့အထဲက ပိုက်ဆံစုပြီးမှ ပိုင်ဆံချေးငှါးပြီးမှ ပခုက္ကူမှာ စုတဲ့ပိုက်ဆံနဲ့ မိသားစုများလို့ရှိရင် များတဲ့အလိုက် နည်းရင်လည်း နည်းတဲ့အလိုက် ဥပမာ မိသားစု ၁၀ ယောက်ကျော်ဆိုရင်တော့ ၆ အိတ် ၇ အိတ်အထိ မှာတယ် နည်းတဲ့လူကတော့ တစ်အိတ် ၂ အိတ်မှာတယ် အဲလိုမှာကြတယ်” ဟု မင်းတပ်မြို့ဒေသခံက ပြောသည်။

ထိုကဲ့သို့ ဝယ်ယူလာသည့်ဆန်များကို မင်းတပ်မြို့ပေါ်ရှိ ဘာသာရေးအသင်းတော်နှင့် ဘုန်းကြီးကျောင်းဝန်များတွင် ထားရှိကာ စစ်နယ်မြေမှူး၏ ခွင့်ပြုချက်နှင့် အသင်းသူအသင်းသား ဒေသခံပြည်သူများထံ တစ်လလျှင် တစ်အိမ်ထောင် တစ်အိတ်နှုန်းဖြင့်သာ ဖြန့်ဝေခွင့်ပြုသောကြောင့် အခက်ကြုံနေရပြီး ကိုယ့်ငွေကြေးဖြင့် ဝယ်ယူထားသောဆန်များကိုပင်လျှင် ကိုယ့်အိမ်ကို သယ်ယူခွင့်မရှိသည့်အခြေအနေ ရောက်နေသည်ဟု သူက ဆက်ပြောသည်။

“ကိုယ်ဝယ်ပြီးတဲ့ဆန်ကတော့ မိသားစုများရင်များသလို စားရတယ်ဆိုတော့ တစ်ပတ်နဲ့တစ်အိတ်ကုန်တဲ့ မိသားစုလည်းရှိတဲ့အတွက် အမှန်ဆိုရင် မိသားစုများရင်များသလို နည်းရင်နည်းသလို ခွင့်ပြုရင်တော့ အကောင်းဆုံးဖြစ်မယ် ဒါပေမယ့် အနည်းအများမရှိဘူး တစ်အိတ်ကိုပဲ ခွင့်ပြုတဲ့အခါမှာ တော်တော်လေးဒုက္ခရောက်ကြတယ် ကိုယ်ဝယ်ပြီးတဲ့ဆန်တောင်မှ ကိုယ့်အိမ်မရောက်နိုင်ဘူးဆိုတော့ ဒါကတော့ အခြေအနေက တော်တော်လေးဆိုးတဲ့သဘောပါ” ဟု မင်းတပ်မြိုခံကပြောသည်။

ယခုလက်ရှိတွင်လည်း မင်းတပ်မြို့ဒေသခံများသည် စားစရာဆန်များပြတ်လပ်နေပြီး ပခုက္ကူဘက်မှ ဝယ်ယူစုဆောင်းထားသောဆန်များကို ပြည်သူလူထုထံ ထပ်မံဖြန့်ဝေခွင့်ပြုရန် စစ်နယ်မြေမှူးထံသို့ ခွင့်ပြုချက်တောင်းခံနေပြီး ယနေ့ချိန်ထိတော့ ခွင့်ပြုချက်မရသေးကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းကတော့ စစ်ကောင်စီတပ်ဖွဲ့က မင်းတပ်မြို့ပေါ်တွင် ဆန်တစ်အိတ်ကို ကျပ်ငွေ လေးသောင်းနှုန်းဖြင့် ၃ ရက်ကြာရောင်းချပေးခဲ့ပြီး ဝယ်ယူသူများရှိသလို ငွေကြေးအခက်အခဲကြောင့် မဝယ်နိုင်သူများလည်းရှိသည့်အတွက် ပခုက္ကူမြို့မှ ဝယ်ယူစုဆောင်းထားသော ဆန်များကို အမြန်ဆုံး ဖြန့်ဝေခွင့်ပြုစေချင်ကြောင်း အထက်ပါဒေသခံက ပြောသည်။

မင်းတပ်မြို့သည် ချင်းပြည်နယ်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး မြန်မာ့နွေဦးတော်လှန်ရေးတွင် အစောဆုံး လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သည့် မြိုတစ်မြို့ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားသည့်ဒေသလည်းဖြစ်သည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့က မင်းတပ်မြို့နယ်တွင် ဆန်များကို ထိန်းချုပ်ကန့်သတ်ထားခြင်းသည် CDF-Mindat တပ်ဖွဲ့ထံ ဆန်မရောက်ရှိနိုင်ရန် ဖြတ်လေးဖြတ်သဘောမျိုးဖြင့် ရိက္ခာဖြတ်တောက်ထားခြင်းဖြစ်နိုင်သည်ဟု ပြောဆိုနေကြသည်။

မင်းတပ်မြို့နယ်အတွင်း ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် ယနေ့ချိန်ထိ အိုးအိမ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်ပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.