Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့တွင် အဖမ်းခံရသော လူငယ် ၇ ဦးကို စစ်ကောင်စီမှ ပြန်လွတ်ပေး

မင်းတပ်မြို့တွင် အဖမ်းခံရသော လူငယ် ၇ ဦးကို စစ်ကောင်စီမှ ပြန်လွတ်ပေး

0
By Editor on April 28, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အကြား ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ပြီးနောက် ဧပြီလ ၂၄ ရက်နေ့က အဖမ်းခံရသော လူငယ် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ည ၁၀ နာရီကျော်ကျော်ခန့်တွင် ပြန်လွတ်ပေးခဲ့သည်။
“မနေ့ညကတော့ ၇ ဦးပြန်လွတ်တယ် အခုသူတို့ကို လုံခြုံတဲ့နေရာမှာထားတယ် တချို့ကိုတော့ ပြန်မလွတ်ပေးသေးဘူး၊ ဒါတွေလည်း ပြန်လွတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတယ်” ဟု မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးက ပြောသည်။
မင်းတပ်မြို့တွင် အဖမ်းခံရသူ ၁၂ ဦးရှိခဲ့ပြီး ၇ ဦးသာ ပြန်လွှတ်ပေးကာ ၅ ဦးကျန်ရှိနေသေးကြောင်း သိရသည်။
ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီလ ၂၄ ရက်နေ့က ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စစ်ကောင်စီအားဆန့်ကျင်ကြောင်း စက္ကူသပိတ် လိုက်လံကပ်ကြသည့် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦး အဖမ်းခံခဲ့ရပြီး ပြန်လွှတ်ပေးရန် ပြည်သူဘက်က တောင်းဆိုခဲ့ကြသော်လည်း ပြန်မလွှတ်ပေးသည့်အတွက် မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်များအကြား ဧပြီလ ၂၄၊ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်က အနည်းဆုံးအယောက် ၂၀ ခန့် သေဆုံးမှုရှိခဲ့သည်ဟု Chinland Defense Force- Mindat ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုလက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ်များသည် တပ်ပြန်ဆုပ်သွားပြီး မင်းတပ်မြို့တွင် ပစ်ခတ်မှုမရှိဘဲ အခြေအနေတည်ငြိမ်လျက်ရှိသည်ဟုသိရသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္၊ မင္းတပ္ျမဳိ႕တြင္ အာဏာသိမ္းစစ္ေကာင္စီႏွင့္ မင္းတပ္ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔အၾကား ေဆြးေႏြးညိွႏိႈင္းမႈျပဳလုပ္ၿပီးေနာက္ ဧၿပီလ ၂၄ ရက္ေန႔က အဖမ္းခံရေသာ လူငယ္ ၇ ဦးကုိ စစ္ေကာင္စီတပ္ဖြဲ႔က ယမန္ေန႔ည ၁၀ နာရီေက်ာ္ေက်ာ္ခန္႔တြင္ ျပန္လြတ္ေပးခဲ့သည္။
“ မေန႔ညကေတာ့ ၇ ဦးျပန္လြတ္တယ္ အခုသူတုိ႔ကုိ လုံျခဳံတဲ့ေနရာမွာထားတယ္ တခ်ဳိ႕ကုိေတာ့ ျပန္မလြတ္ေပးေသးဘူး၊ ဒါေတြလည္း ျပန္လြတ္ေပးဖုိ႔ ကြ်န္ေတာ္တုိ႔ ေတာင္းဆုိထားတယ္၊” ဟု မင္းတပ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔မွ ဦးေဆာင္သူတစ္ဦးကေျပာသည္။
မင္းတပ္ၿမိဳ႕တြင္ အဖမ္းခံရသူ ၁၂ ဦး႐ွိခဲ့ၿပီး ၇ ဦးသာျပန္လႊတ္ေပးကာ ၅ ဦးက်န္႐ွိေနေသးေၾကာင္း သိရသည္။
ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕တြင္ ဧၿပီလ ၂၄ ရက္ေန႔က ဗိုလ္ခ်ဳပ္ေၾကးရုပ္ေရွ႕တြင္ စစ္ေကာင္စီအားဆန္႔က်င္ေၾကာင္း စကၠဴသပိတ္လိုက္လံကပ္ၾကသည့္ အမ်ဳိးသမီး ၄ ဦးႏွင့္ အမ်ဳိးသား ၃ ဦး စုစုေပါင္း ၇ ဦးအဖမ္းခံခဲ့ရၿပီး ျပန္လႊတ္ေပးရန္ျပည္သူဘက္ကေတာင္းဆိုခဲ့ၾကေသာ္လည္း ျပန္မလႊတ္ေပးသည့္အတြက္ မင္းတပ္ၿမိဳ႕ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ႏွင့္ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားအၾကား ဧၿပီလ ၂၄ ၊ ၂၆ ႏွင့္ ၂၇ ရက္ေန႔တို႔တြင္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါတိုက္ပြဲတြင္ အာဏာသိမ္းစစ္ေကာင္စီဘက္က အနည္းဆံုးအေယာက္ ၂၀ ခန္႔ေသဆံုးမႈ ရွိခဲ့သည္ဟု Chinland Defense Force- Mindat ၏ ထုတ္ျပန္ခ်က္အရသိရသည္။
ယခုလက္ရွိတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားသည္ တပ္ျပန္ဆုပ္သြားၿပီး မင္းတပ္ၿမိဳ႕တြင္ ပစ္ခတ္မႈမရွိဘဲ အေျခအေနတည္ၿငိမ္လ်က္ရွိသည္ဟုသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.