Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်က ကျေးရွာများမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွား၍ လူနာ ၂၂၀ ကျော်ရှိနေ

မင်းတပ်မြို့နယ်က ကျေးရွာများမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွား၍ လူနာ ၂၂၀ ကျော်ရှိနေ

0
By Editor on February 19, 2025 Headline

ကျေးရွာ ၃ ရွာကို Lock Down (အသွားအလာကန့်သတ်မှု) ပြုလုပ်ထား

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာအများအပြားတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ကျေးရွာ ၃ ရွာကို အသွားအလာကန့်သတ်မှု (Lock down) ချထားကာ လူနာပေါင်း ၂၂၀ ကျော်ရှိနေသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

“မင်းတပ်မြို့နယ်ထဲမှာ လောလောဆယ် Lock Down ချထားတာက ရွာ ၃ ရွာရှိပါတယ်။ လူနာတွေက ဘယ်နှစ်ဦးရှိသလဲဆိုတာပဲ အဆက်အသွယ်ရတော့ လူနာဦးရေပဲ သိရသေးတယ်။ တချို့ရွာတွေမှာ သိရတာက ကလေးငယ်တွေ အဖြစ်များတယ်လို့ သိရပါတယ်။ ၅ နှစ်အောက်ကလေးတွေပေါ့” ဟု ယင်းစစ်ရှောင်ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

လက်ရှိမှာ မင်းတပ်မြို့နယ်ထဲက ကျေးရွာ ၁၃ ရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကာ ဖေဖော်ဝါရီလ ၁၇ ရက်အထိ လူနာပေါင်း ၂၂၆ ဦးအထိရှိလာပြီး သေဆုံးသူ ၃ ဦးရှိလာပြီဟု သိရသည်။

ရောဂါဖြစ်ပွားနေသော ကျေးရွာ ၃ ရွာကို လတ်တလောမှာ အသွားအလာ ကန်သတ်မှု (Lock Down) ပြုလုပ်ထားပြီး ရောဂါဖြစ်ပွားနေသော ရွာများကို ဒေသတွင်းမှ ကျန်းမာရေးဝန်ထမ်များက ကာကွယ်ခြင်း၊ ကုသခြင်း လုပ်ငန်းများကို ကြိုးစားဆောင်ရွက်နေသည်ဟု သိရသည်။

“အခုလက်ရှိ အခြေအနေကတော့ တခြားရွာတွေမှာလည်း ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတာ၊ ဆက်လက်ပြီး ပြန့်ပွားနေတယ်လို့ သိရတယ်။ သို့သော် ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ အနေအထားတွေက မတွေ့ရသေးဘူး။ ထိန်းချုပ်နေနိုင်ဆဲ၊ သို့သော်လည်း အဓိက, က ဓါတ်ဆားတွေ အရမ်းလိုနေတယ်။ ဆေးဝါးအကူအညီတွေလည်း အဓိက လိုအပ်ပါတယ်” ဟု မင်းတပ် စစ်ဘေးရှောင်စီမံခန့် ခွဲရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

လက်ရှိကာလသည် မင်းတပ်မြို့နယ်အတွင်း ဒေသခံ ချင်းလူမျိုးများအနေဖြင့် ပွဲလမ်းသဘင်များ အများဆုံးကျင်းပပြုလုပ်သော ရာသီအချိန်ဖြစ်၍ ပြည်သူများ ရိုးရာပွဲလမ်းသဘင်များ၊ လူစုလူဝေးပြုလုပ်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသာ ကျေးရွာများမှ ကနဦးဖြစ်ပွားသော ကျေးရွာ ၂ ရွာကို ဆေးဝါးများနှင့် ဓါတ်ဆားများ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ဆက်လက်ထောက်ပံ့ကူညီမှုများ ပြုလုပ်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်နေဆဲဖြစ်သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလလယ်မှ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ချင်းပြည်တောင်ပိုင်း မြို့နယ် ၄ မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ (သံသယ) ဖြစ်ပွားခဲ့ရာ ပလက်ဝမြို့နယ်ထဲမှ ၁ နှစ်အောက်ကလေးငယ် ၂ ဦး၊ မင်းတပ်မြို့နယ်ထဲမှ ၁ နှစ်အောက်ကလေးငယ် ၁ ဦးနှင့် လူကြီး ၁ ဦးတို့ သေဆုံးခဲ့သည်ဟု ချင်းကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်မှာ ထုတ်ပြန် ထားသည်။

ဖေဖော်ဝါရီလ ၅ ရက်အထိ စာရင်းအရ မတူပီမြို့နယ်မှာ ၁၉၀ ဦး၊ ကန်ပက်လက်မြို့မှာ ၂၄ ဦး၊ ပလက်ဝမြို့နယ်မှာ ၁၂၄ ဦးတို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.