Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်တွင် ကလေးငယ်အများအပြား အရေပြားရောဂါ အဖြစ်များနေ
ဓာတ်ပုံ - SAVE Team

မင်းတပ်မြို့နယ်တွင် ကလေးငယ်အများအပြား အရေပြားရောဂါ အဖြစ်များနေ

0
By Editor on October 19, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ကလေးငယ်အများအပြားတွင် ယားနာနှင့် အရေပြားရောဂါများ အဖြစ်များနေပြီး တစ်လအတွင်း ၂၀၀ ကျော်အထိ ကုသနေရသည်ဟု မင်းတပ်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် Save Team မှ တာဝန်ရှိသူက ပြောသည်။

“အရေပြားနဲ့ ပတ်သက်တဲ့ အရေပြားရောဂါတွေပေါ့နော်။ အဲဒါတွေက လောလောဆယ်မှာ အဖြစ်များနေတယ်။ (လူနာ) တစ်ရာမှာ ၆၀ ရာခိုင်နှုန်းလောက် အဖြစ်များနေတယ်။ အဓိက ကလေးတွေမှာပေါ့နော်” ဟု Save Team မှ တာဝန်ရှိသူက ပြောသည်။

ယားနာနှင့် အရေပြားရောဂါဖြစ်ပွားမှုတွင် ၇၀ ရာခိုင်နှုန်းခန့်က ကလေးငယ်များတွင် တွေ့ရှိရပြီး ကျန် ၃၀ ရာခိုင်နှုန်းက လူကြီးနှင့် လူလတ်ပိုင်းတို့တွင် ရောဂါဖြစ်ပွားနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။

Save Team အရပ်ဖက်ကျန်းမာရေးအဖွဲ့သည် မင်းတပ်မြို့နယ်မှ ကျေးရွာပေါင်း ၁၃ ရွာခန့်တွင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပြီး ပြီးခဲ့သည့် စက်တင်ဘာလထဲတွင် လူနာပေါင်း ၇၂၀ ခန့်ကို ကုသပေးခဲ့ရာမှာ လူနာ ၂၀၀ ကျော်က ယားနာနှင့် အရေပြားရောဂါများဖြစ်ပွားနေ၍ ကုသပေးခဲ့ရသည်ဟု သိရသည်။

မင်းတပ်မြို့နယ်မှာ ယခုကဲ့သို့ ကလေးငယ်များ ယားနာနှင့် အရေပြားရောဂါအဖြစ်များလာသည့်အခြေအနေနှင့်ပတ်သက်၍ Save Team တာ၀◌န်ရှိသူက ခုလိုဆက်ပြောသည်။

“မနှစ်က ကျန်းမာရေး ဟောပြောတာတို့ ပတ်ဝန်းကျင် သန့်ရှင်ရေးတို့၊ အိမ်သာ သန့်ရှင်းတာတို့ များများ လုပ်နိုင်တော့ ထိန်းချုပ် နိုင်တယ်။ ဒီနှစ်က အဲဒါတွေလည်း လုပ်တယ်။ ကျောင်းကျန်းမာရေးဆိုလည်း တောက်လျှောက်သွားနေတာပဲ။ ဒါပေမဲ့ ဒီနှစ်က တအားကြီး မကာကွယ်နိုင်ဘူး။ ကလေးမိဘတွေက တောင်ယာလုပ်တာများတယ်။ ကလေးတွေကို ထိန်းကွပ်မှု နည်းတယ်။ ကလေးတွေ ကျောင်းတက်ချိန်ဆိုလည်း မိဘတွေက တောင်ယာမှာပဲ အနေများတယ်။ ကလေးအကြီးအငယ် အဲလိုပဲနေခဲ့တော့။ ဖျားနာတွေလည်းဖြစ်တယ်” ဟု Save Team တာ၀◌န်ရှိသူကပြောသည်။

ယခု အောက်တိုဘာလထဲတွင်လည်း လူနာကြည့်ရှုကုသမှု၏ ၆၀ ရာခိုင်နှုန်းမှာ ယားနာနှင့် အရေပြား ရောဂါများ ဖြစ်ပွားနေပြီး ၎င်းဒေသများတွင် အရေပြားရောဂါများ ဖြစ်ပွားနေသည်မှာ ၃ လကျော် ရှိနေပြီးဖြစ်သည်ဟု သိရသည်။

တခြားလူနာများတွင် ရာသီတုတ်ကွေးက အများဆုံး ဖြစ်ပွားနေပြီး သွေးတိုး၊ ဆီချို လူနာများကိုလည်း တွေ့ရှိရသည်ဟု သိရသည်။

မင်းတပ်မြို့နယ်အတွင်း ယခုကဲ့သို့ ရောဂါများ အဖြစ်များလာသည့်အတွက် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပိုမို လိုအပ်နေပြီး တချို့နေရာများတွင် ကျန်းမာရေးဝန်ထမ်းရှိသော်လည်း ဆေးဝါးမရှိသည့်အတွက် ကုသပေးရန် ခက်ခဲနေသည်ဟု Save Team မှ တာဝန်ရှိသူက ပြောသည်။

“ကျန်းမာရေးအနေနဲ့ ပြောရရင်တော့ ဆေးဝါးက အဓိက ခက်ခဲတယ်။ တချို့နေရာတွေမှာ ကျန်းမာရေးဝန်ထမ်းတွေက ရှိတယ်။ ဆေးဝါး အလုံအလောက် မရှိတော့ လူရှိရဲ့သာနဲ့ ဘာမှ မလုပ်ပေးနိုင်တာလည်း တချို့နေရာတွေမှာ ရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ ကန့်သတ် ပိတ်ဆို့မှုများကြောင့် ဆေးဝါးများ သယ်ယူပို့ဆောင်ရာတွက် အခက်အခဲများစွာ ရှိနေပြီး ဆေးဝါးဈေးနှုန်းမှာလည်း တစ်လထက်တစ်လ ပိုမိုတက်လာနေ၍ အကူအညီများ လိုအပ်နေသည်ဟုဆိုသည်။

Save Team သည် စစ်အာဏာသိမ်းမှုနောက်ပိုင်း မင်းတပ်မြို့နယ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဒေသအခြေပြု အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.