Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လအတွင်း ဒေသခံ ၁၀ ဦးသေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရ

မင်းတပ်မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လအတွင်း ဒေသခံ ၁၀ ဦးသေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရ

0
By Editor on June 13, 2025 Headline

(006SV)

ယခုနှစ် ၅ လကျော်အတွင်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၈ ကြိမ်ပြုလုပ်ခဲ့ရာ သေဆုံးသူ ၁၀ ဦးရှိပြီး ထိခိုက်ဒဏ်ရာ ရသူ ၂၀ ဦးအထိ ရှိသည်ဟု ကြားကာလမင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁၁ ရက်အထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၈ ကြိမ် နှင့်အတူ ဗုံးအလုံးရေ ၄၀ ကျော် ကြဲချတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အဦး ၁၁ လုံး၊ အစိုးရဌာန အဆောက်အဦး ၂၆ လုံး၊ ပုဂ္ဂိလက အဆောက်အဦး ၇၁ လုံး စသဖြင့် စုစုပေါင်း ၁၀၀ ကျော် ထိခိုက်စီးခဲ့သည်ဟု သိရသည်။

၅ လတာအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများသည် မင်းတပ်မြို့ပေါ်က ဘဝသစ်ရပ်ကွက်ကို ၄ ကြိမ်၊ အရှေ့ပြင်ရပ်ကွက်ကို ၃ ကြိမ်၊ စံပြရပ်ကွက်ကို ၂ ကြိမ်နှင့် မင်းတပ်မြို့နယ်ထဲ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် CDF မင်းတပ်၊ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့သည် မင်းတပ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ထိန်းချုပ်ထားကြောင်း၊ မင်းတပ်မြို့ပေါ်တွင် ပြန်လည်ထူးထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့ပေါ်တွင် ဒေသခံများ ပြန်လည်အခြေချနေထိုင်မှု နည်းပါးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.