Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်မှာ ကလေးအသေမွေးဖွားနှုန်းမြင့်တက်၊ ကျန်းမာရေးဝန်ဆောင်မှုများ အရေးပေါ်လိုအပ်နေ

မင်းတပ်မြို့နယ်မှာ ကလေးအသေမွေးဖွားနှုန်းမြင့်တက်၊ ကျန်းမာရေးဝန်ဆောင်မှုများ အရေးပေါ်လိုအပ်နေ

0
By Editor on August 7, 2024 Headline

(002MG)

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ကျေးလက်ဒေသများတွင် ကိုယ်ဝန်သည်မိခင်များ ကလေးအသေမွေးဖွားမှုနှုန်း မြင့်တက်နေပြီး လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

မင်းတပ်မြို့နယ် တိုက်နယ်အမှတ်( ၃) ကျေးရွာများတွင် ပြီးခဲ့သည့်တစ်လအတွင်း ကလေးအသေမွေးဖွားမှု (၅) ဦးအထိရှိခဲ့သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီတာဝန်ခံ ကိုလောရင့်ကပြောသည်။

“ဟိုအရင်လတုန်းကဆိုရင် တလထဲမှာတင် (၅) ယောက်လောက်ရှိတယ် ကလေးလေးတွေ မွေးကင်းစလေးတွေသေတာ၊ တယောက်ပြီးတယောက်သေတယ် ရောက်လာတယ်သေတယ်၊ ကျနော့အမေရွာကို ခနသွားတယ် အဲ့ရွာမှာလည်း ကိုယ်ဝန်ဆောင် (၄) ဦးရှိတယ် မွေးခါနီးပေါ့၊ အဲ့ (၄) ဦးထဲက မွေးတော့ ကလေး (၂) ဦးကသေသွားတယ်၊ ၂ ယောက်ပဲရှင် တယ်၊ အဲ့လိုမျိုးများတော့ ကျန်းမာရေးဝန်ဆောင်မှုအခုထက်ပိုပြီးရရှိစေချင်တယ်” ဟု ကိုလောရင့်ကပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရှိခြင်း၊ အဟာရချို့တဲ့ ခြင်း၊ ဗဟုသုတအားနည်းခြင်းနှင့် စိုးရိမ်ကြောက်လန့်ခြင်းတို့ကြောင့် ကလေးအသေမွေးဖွားမှုနှုန်းမြင့်တက်လာရခြင်းဖြစ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။

“အဓိကတော့ တအားကြောက်ကြတယ်လေ တိုက်လေယာဉ်က ခနနဝဲတာ ဒီနှစ်ထဲမှာတင်ကို နေ့တိုင်း၊ အပတ်တိုင်း၊ လတိုင်းနီးပါးကို ဝဲတာ အဲ့ဒီကြောက်ရွံ့တာရော၊ အာဟာရမပြည့်ဝတာရော၊ ကျန်းမာရေးအသိပညာမရှိတာ သူတို့ ကိုယ်ဝန်ဆောင်တာဆောင်နေကြတာ ကိုယ်ဝန် ဘယ်နှစ်လရှိပြီလဲဆိုရင်လည်းမသိဘူး ဗိုက်နာလာပြီဆိုမှ ဗိုက်နာ လာပြီပေါ့ ကျန်းမာရေးအသိပညာပေးဖို့လည်း အတော်လေးလိုအပ်တယ်၊ အဓိက ကျန်းမာရေးဝန်ဆောင်မှုတွေကို အခုထက်ပိုပြီးတော့မှ ရရှိစေချင်တယ်” ဟု ကိုလောရင့်ကပြောသည်။

ယခုကဲ့သို့ ကလေးအသေမွေးဖွားမှုနှုန်းမြင့်တက်ခြင်းကြောင့် လောလောဆယ်တွင် ကလေးမယူကြဘဲ သန္ဓေတားဆီးများ ဆောင်ထားစေချင်သည်ဟု ၎င်းကဆက်ပြောသည်။

မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် NGO အဖွဲ့အစည်း (၂) ခု၊ CDM ဆရာဝန်၊ဆရာမများနှင့် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအောက်က ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ဆောင်မှုများကို တတ်နိုင်သလောက်ပေးအပ်နေသော်လည်း လွှမ်းခြုံလုံလောက်မှုမရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့နယ်ကျေးရွာဘက်က ဆေးရုံ၊ ဆေးပေးခန်းတွေကို ပစ်မှတ်ထားပြီး တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ယခင်ကထက်ပိုမိုပြုလုပ်လာ၍ ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာ ဆေးရုံ၊ ဆေးခန်းသွားရန်ပင် စိုးရိမ်ထိတ်လန့်နေကြသည်ဟု မင်းတပ်မြို့နယ်ထဲ ဆေးဝါးကုသမှုပေးနေ သော CDM ဆရာဝန်တစ်ဦးကပြောပါတယ်။

ထို့အပြင် ခေတ်ကာလအခြေအနေကြောင့် အသက် ၁၈ နှစ်အောက် မိန်းကလေးများ ကိုယ်ဝန်သည်ပိုများလာပြီး ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း လစဉ်သောက်သုံးရမည့်ဆေးဝါးများမရှိခြင်း၊ ကိုယ်ဝန်ဆောင်အသိပညာအားနည်းကြသည်ဟု ဆိုသည်။

“ကျွန်တော်တို့စီမှာ ဆေးရုံ၊ ဆေးခန်းရှိပေမယ့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတောက်လျှောက်တိုက် ခိုက်မှု ရှိနေတော့ လူစုလူဝေးရှိနေတဲ့နေရာ၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထား တယ်ဆိုတော့ သူတို့က ဆေးရုံကို နည်းနည်းကြောက်လာတယ်၊ မသွားရဲတော့ဘူးပုံစံဖြစ်သွားတယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေက ခေတ်ကာလ အခြေအနေအရ အသက်ငယ် (၁၈) နှစ်အောက် ကိုယ်ဝန်တွေလည်း တိုးလာတယ်၊ နောက်တခုက ကိုယ် ဝန်ဆောင်အတွက် လအလိုက်ပေးရမဲ့ဆေးဝါးတွေ မလုံလောက်တာရယ်၊ သူတို့ ဘယ်လို ကိုယ်ဝန်ဆောင် စောင့် ရှောက်မှု ဘယ်လိုခံရယူရမလဲဆိုတာမသိတာတွေကြောင့်ပါ” ဟု CDM ဆရာဝန်ကပြောသည်။

မင်းတပ်မြို့နယ်အတွင်း ကလေးသေဆုံးမှုအများစုမှာ အသေမွေးဖွားခြင်း၊ မွေးဖွားပြီးနောက် ရာသီဥတုဒဏ်မခံနိုင်ခြင်း ကြောင့် တပတ်အတွင်းသေဆုံးခြင်းနှင့် (နမိုးနယား) အဆုတ်ရောဂါကြောင့် တစ်နှစ်အောက်ကလေးငယ်သေဆုံးမှုများ လည်းရှိနေကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ၃ နှစ်အတွင်း မင်းတပ်မြို့နယ်တခုတည်းတွင် မွေကင်းစကလေးငယ် သေဆုံးမူ (၂၀) ကျော်ရှိခဲ့သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီစာရင်းအရသိရသည်။

မင်းတပ်မြို့နယ်သည် တိုက်နယ်အမှတ် (၉) ခုနှင့်ဖွဲ့စည်းထားခြင်းဖြစ်ကာ စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်ကြား တိုက်ပွဲကြောင့် မင်းတပ်မြို့နယ်ထဲတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လူဦးရေ (၉၀၀၀) ခန့်သည် စစ်ဘေးတိမ်းရှောင်ခဲ့ ကြရပြီး ယခုနှစ် ၂၀၂၄ မေလကစ၍ မင်းတပ်မြို့သိမ်းတိုက်ပွဲဖြစ်လာမည်ဆိုသည့်သတင်းကြောင့် ထပ်မံတိမ်းရှောင်သူ လူဦးရေ (၅၀၀၀) ခန့်ရှိလာပြီး ယခုလက်ရှိတွင် မင်းတပ်ဒေသခံလူဦးရေ (၁၅၀၀၀) တို့သည် နေရပ်စွန့်ခွါ စစ်ဘေး တိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီထံမှသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.