Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား စစ်ရေးအခြေအနေတင်းမာနေ

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား စစ်ရေးအခြေအနေတင်းမာနေ

0
By Editor on December 17, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ CDF-Mindat ၊ ယော PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိ်ုက်ပွဲထပ်မံဖြစ်ပွားပြီး နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတယ်လို့ CDF-Mindat က ထုတ်ပြန်ပါတယ်။

ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်း ၁ နာရီလောက်က မင်းတပ်မြို့နယ် မယ်လယ်ကုန်းရွာအနီးမှာ စစ်ကြောင်းထိုးလာ တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းမိရာကနေ CDF-Mindat/ယော PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ CDF-Mindat/ ယော PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်ကတော့ ဒဏ်ရာရတဲ့ သူတွေရှိတယ်လို့ CDF-Mindat ကထုတ်ပြန်ပါတယ်။

အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မကွေးတိုင်း ကျောက်ထုမြို့ကနေ စစ်ကူတက်လာပြီး မယ်လယ် ကုန်းရွာမှာ ရောက်ရှိနေတယ်လို့လည်းသိရပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ CDF-Mindat/ယော PDF ပူးပေါင်း တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မင်းတပ်မြို့နယ် နှောကျေးရွာကနေ လယ်ဆောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို CDF-Mindat နဲ့ ယော PDF ပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ CDF-Mindat ထုတ်ပြန်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.