Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူမှု ထက်ဝက်ကျော်ပြီးစီးပြီဟု မင်းတပ် ပအဖ ဆို

မင်းတပ်မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူမှု ထက်ဝက်ကျော်ပြီးစီးပြီဟု မင်းတပ် ပအဖ ဆို

0
By Editor on September 9, 2025 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာလုပ်ကိုင်နိုင်ရန် မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူနေမှုသည် ထက်ဝက်ကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ်တွင် မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူမှုကို ဇူလိုင်လကတည်းက သင်တန်းများ ခေါ်ယူပေးပြီး တိုက်နယ်အလိုက် စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

“မြို့လည်း သိမ်းလိုက်ပြီးဆိုတော့ မင်းတပ်တစ်မြို့နယ်လုံးကို အိမ်ထောင်စု လူဦးရေစာရင်းကောက်ခံခြင်း ဖြစ်ပါတယ်။ ကောက်ယူ နေတာက နည်းနည်းကြာပါပြီ။ ကျနော်တို့ ကောက်ယူနေတာက ဇူလိုင်လကတည်းက စနေတာပါ။ သင်တန်းပေးပြီးမှ တိုက်နယ် အလိုက် ကောက်ယူနေတာဆိုတော့ ကျနော်တို့မှာ တစ်ဝက်ကျော်ကျော် ပြီးစီးနေပါပြီ။ အခုဆိုရင် တစ်မြို့နယ်လုံးမှာ လူဦးရေ စာရင်းကို ဖြန့်ဝေဖို့ပေါ့နော်။ အိမ်ထောင်စု တစ်ခုစီတိုင်းမှာ ဒါကို ထားရှိဖို့အတွက်တောင်မှ သိပ်မကြာခင် အဆင်သင့် ဖြစ်မယ့် သဘောပါ” ဟု ကိုယောမာန်က ပြောသည်။

မင်းတပ်မြို့နယ်အတွင်း ပြည်သူလူထု၏ မြို့နယ်လုံးကျွတ် လူဦးရေစာရင်း ကောက်ခံခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်ပေးခြင်းများကို စနစ်တကျ လုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။

မြို့နယ်လုံးကျွတ် လူဦးရေ စာရင်းကောက်ယူခြင်းသည် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး၊ သစ်တော၊ စိုက်ပျိုးရေး၊ မွေးမြူးရေး စသည့် ကဏ္ဏပေါင်စုံမှာ ချိတ်ဆက်ပြီး ထိရောက်စွာ စီမံဆောင်ရွက်နိုင် ရေးအတွက် ဖြစ်ကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း ပိုမိုအနီးကပ် ချိတ်ဆက်လုပ်ဆောင်နိုင်ရေးအတွက် ဖြစ်ကြောင်း သိရသည်။

“ဒီလူဦးရေအချက်အလက်တွေက အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အားလုံးရဲ့ ရင်းမြစ်အချက် အချာဖြစ်ပါတယ်။ ဘယ်အသက်အရွယ် ရှိတဲ့ လူဦးရေ ဘယ်နှစ်ယောက်ရှိတယ်။ ကုသရေးမှာ ဖြစ်စေ၊ ရောဂါကာကွယ်တာမှာ ဖြစ်စေ၊ စာသင်ကျောင်းတွေမှာ ဖြစ်စေ၊ ဒါမှမဟုတ် ဘယ်အသက်အရွယ်က ဘယ်လောက် ရှိတယ်ဆိုတာ ၊ ဘယ်ကျေးရွာမှာ လူဦးရေ ဘယ်လောက်ရှိတယ်စတဲ့ အကုန်လုံးပေါ့လေ။ ပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံတဲ့ ၊ တရားဥပဒေစိုးမိုးမှုက အစပေါ့နော်။ ပြည်သူ့ဝန်ဆောင်မှုတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့ဖြစ်ပါတယ်” ဟု ကိုယောမာန်က ပြောသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမတိုင်မီ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကလည်း မင်းတပ်မြို့နယ်အတွင်းရှိ မကွီးအိမ်နူးမြို့၊ တိုက်နယ် ၉ ခုနှင့် ကျန်ကျေးရွာပေါင်း ၂၁၀ မှာ လူဦးရေစာရင်းကောက်ယူခြင်းကို လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။

လက်ရှိတွင် မင်းတပ်မြို့အပါအဝင် မင်းတပ်တစ်မြို့နယ်လုံးကို သိမ်းပိုက်ပြီးနောက် မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူ ခြင်းကို ပြန်လည်လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

လူဦးရေစာရင်းကောက်ယူမှုနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ပြည်သူများအနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပါဝင်ကူညီပေးကြရန် မင်းတပ်မြို့နယ်ပအဖက အသိပေးနှိုးဆော်ထားသည်။

အိမ်ထောင်စုစာရင်းပုံစံသည် မင်းတပ်မြို့နယ်အတွင်းမှာသာ ကိုင်ဆောင်အသုံးပြုရမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းတွင် ပြောင်းဝင်/ ပြောင်းထွက်၊ မွေးဖွား/ သေဆုံးမှု ရှိပါက သက်ဆိုင်ရာ မြို့နယ်/ တိုက်နယ်/မြို့ / ရပ်ကွက်/ ကျေးရွာအုပ်စု/ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ သတင်းပေးပို့ရမည်ဟု သိရသည်။

CDF – မင်းတပ်နှင့် တော်လှန်ရေးအင်အားစုများက မင်းတပ်မြို့နယ်ကို ၂၀၂၄ နှစ်ကုန်ပိုင်းက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.