Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်၏ စည်းလုံးမှုပျက်ပြားစေရန် တိုက်ရိုက်၊ သွယ်၀ိုက်နည်းဖြင့် ကြိုးပမ်းသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို အရေးယူမည်ဟု ချင်းအမျိုးသားကောင်စီ (မင်းတပ်) က ယနေ့ထုတ်ပြန်

မင်းတပ်မြို့နယ်၏ စည်းလုံးမှုပျက်ပြားစေရန် တိုက်ရိုက်၊ သွယ်၀ိုက်နည်းဖြင့် ကြိုးပမ်းသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို အရေးယူမည်ဟု ချင်းအမျိုးသားကောင်စီ (မင်းတပ်) က ယနေ့ထုတ်ပြန်

0
By Editor on January 29, 2024 Headline

(006SV)

ချင်းပြည်နယ် မင်းတပ်မြို့နယ်၏ စည်းလုံးမှုပျက်ပြားစေရန် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်နည်းဖြင့်သော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းဆောင်ရွက်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို အရေးယူမည်ဟု ချင်းအမျိုးသားကောင်စီ (မင်းတပ်) က ယနေ့ထုတ်ပြန်လိုက်သည်။

တော်လှန်ရေးကာလအတွင်း စည်းလုံးညီညွတ်သည့် မင်းတပ်မြို့နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုကို စိတ်ဝမ်းကွဲပြားအောင် စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းဆောင်ရွက်နေသည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းများ ရှိလာကြောင်း စိစစ်တွေ့ရှိရပြီး မည်သည့် ကောင်စီ၊ အုပ်ချုပ်ရေး၊ လက်နက်ကိုင်အဖွဲ့အစည်းများကိုမျှ အသိအမှတ်ပြုမည်မဟုတ်ဘဲ ဖွဲ့စည်းလာပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားကောင်စီ (မင်းတပ်) က ယနေ့ ဇန်နဝါရီလ ၂၉ ရက်မှာ သတင်းထုတ်ပြန်သည်။

မင်းတပ်မြို့နယ်ထဲမှ တိုက်နယ် (၄) နှင့် တိုက်နယ် (၁၁) နှစ်ခုသည် မင်းတပ်ဒေသ (၁) ကောင်စီအဖြစ် ဖွဲ့စည်း၍ ချင်းလဲန်း ကောင်စီတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ချင်းအမျိုးသားကောင်စီ (မင်းတပ်) က ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်လာခြင်းဖြစ်သည်။

ယင်းသို့ ဖွဲ့စည်းလာပါက ချင်းအမျိုးသားကောင်စီ (မင်းတပ်) ၏ စည်းမျဉ်း/ ဥပဒေ၊ ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ဥပဒေ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ၏ စစ်စည်းကမ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF မင်းတပ်ကို နိုင်ငံရေးဦးဆောင်မှုပေးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ပြည်တွင်း/ပြည်ပရှိ တော်လှန်ရေးညီအစ်ကိုများထံ အကြံပြုချက်များရယူပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ညီလာခံအစည်းအဝေး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် CDF – မင်းတပ်၊ ဗဟိုကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းပြီး ၂၀၂၃ ဩဂုတ်လ ၆ ရက်က ဖွဲ့စည်းခဲ့ကြသည်။

ယခုလက်ရှိ ချင်းနိုင်ငံရေးအခင်းအကျင်းတွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)/CDF-Mindat သည် ချင်းလဲန်းကောင်စီတွင် ပါ၀င်ခြင်းမရှိဘဲ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်ယူနီယံ(ZFU/PDF-Zoland) နှင့်အတူ ချင်းညီနောင်သုံးဖွဲ့စည်းကာ ကြား ကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC နှင့်ပူးပေါင်းဆောင်ရွက်လျှက်ကြသည်။

ထိုကဲ့သို့အခြေအနေမျိုးတွင် မင်းတပ်မြို့နယ်ထဲမှ တိုက်နယ် (၄) နှင့် တိုက်နယ် (၁၁) သည် မင်းတပ်ဒေသ (၁) ကောင်စီအဖြစ် ဖွဲ့စည်း၍ ချင်းလဲန်းကောင်စီ – CC ၏ အစိုးရဖွဲ့စည်းမှုတွင် ဒေသအစုအဖွဲ့တစ်ခုအနေဖြင့် အပြည့်အဝ ပူးပေါင်းပါဝင်ပြီဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

မင်းတပ်ဒေသ (၁) ကောင်စီကလည်း ၎င်းတို့နယ်မြေအတွင်းတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေး၊ လူမူဖွံဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် ကိစ္စအရပ်ရပ်ကို တော်လှန်ရေးကာလအလွန် ဖက်ဒရယ်ဒီမိုကရေစီအစိုးရ ပီပြင်စွာ ပေါ်ပေါက်သည်အထိ မင်းတပ်ဒေသ (၁) ကောင်စီက ရိုးရာဓလေ့ထုံးတမ်းစဉ်လာဥပဒေနှင့်အညီ ဦးဆောင်စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကန့်သတ်မှုကြားမှ ဟားခါးမြို့နယ်ပြင်ပထွက်ခွါပြီး ပြန်မလာသူများကို တော်လှန်ရေးကာလအလွန်တွင်လည်း ပြန်လာခွင့်ပြုတော့မည်မဟုတ်ဟု CDF-Hakha ပြော

GZA၊ YDF ခေါင်းဆောင်နှင့်ရဲဘော်များ လုပ်ကြံပစ်ခတ်ခံရမှုကို အမှုမှန်ပေါ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းညီနောင်ကြေညာ

HPO/CDF-Hualngoram က ဒေသန္တရအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်၊ ရိခေါဒါရ်မြို့ခံများအားလုံး နေရပ်ပြန်ရောက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.