မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) အတွင်းရှိ ကျေးရွာတစ်ရွာကို ယနေ့ နံနက် ၉:၃၀ ဝန်းကျင်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားရာမှာ အသက် (၁၃) နှစ်အရွယ်ကျောင်းသားတစ်ဦးနှင့် အသက် (၄၀) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းလည်း အကြီးအကျယ် ထိခိုက်ပျက်စီးသည့်အပြင် အိမ်ခြေ ၄၀ ကျော်ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။
သေဆုံးသူမိသားစုဝင်များ၊ ထိခိုက်ဒဏ်ရာရသူများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် မြေပြင်တွင် သွားရောက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့နယ်အတွင်း (မြို့သိမ်းတိုက်ပွဲနောက်ပိုင်း ၂၀၂၅ ဖေဖော်ဝါရီမှ မေလအတွင်း) စစ်ကောင်စီက (၁၃) ကြိမ် တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးကြဲဒဏ်ခံရသော ပြည်သူများအနေဖြင့် လူသားချင်းစာနာ ထောက်ပံ့မှုများ လိုအပ်လျက်ရှိပါသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်သည်။