(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အရှေ့ပြင်ဂိတ်ဖက်တွင် စစ်ကောင်စီတပ်ဖွဲ့များထောင်ထားသည့် မိုင်းနင်းမိကာ အသက် (၁၂) နှစ်အရွယ် ယောကျ်ားလေးတစ်ဦးနှင့် အသက် (၁၄) နစ်အရွယ် မိန်းကလေး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့က မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရွိသည့် ကလေး (၂) ဦးကို မင်းတပ်မြို့ပေါ် ခလရ (၂၇၄) တပ်ရင်း ဆရာဝန်က ဆေးကုပေးနေသည်ဟု မင်းတပ်မြို့ခံက ပြောသည်။
မင်းတပ်မြို့ခံက “မြို့ဝင်ဂိတ်ဖက်မွာ ကလေးတွေဆိုတော့ လမ်းဘေးဖက်မှာ ဆော့ကစားသွားရင်းနဲ့ မိုင်းနင်းမိတာ။ ဒီနေ့တော့ နာရေးကားနဲ့ ပခုက္ကူဖက်ကို ပို့ဖို့ သွားတော့ မိဘတွေက ဆရာဝန်ကို ပြန်တိုင်ပင်ပြီးတော့ ဒီမှာလည်း ကုလို့ရတယ်ပြောတယ် ဒဏ်ရာက စိုးရိမ်အဆင့်မရောက်ဘူးထင်တယ်” ဟု ပြောသည်။
အဆိုပါ မိုင်းနင်းပြီး ထိခိုက်ဒဏ်ရာရရှိသည့် မိန်းကလေးမှာ ခြေထောက်တဖက်ပြတ်သွားသည့်အပြင် နောက်တယောက်မှာ နောက်ကျောပြင်တခုလုံး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသော်လည်း ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် နေရာအနီးအနားတွင် မိုင်းနင်းများ ထောင်ထားလေ့ရှိပြီး မြို့တွင်းမိုင်းနင်းမိမူကြောင့် အသက်(၆၀) ကျော် အမျိုးသား (၁) တစ်ဦး၊ အမျိုးသမီး (၁) ဦးလည်း သေဆုံးမူများရှိခဲ့သည်ဟု မင်းတပ်မြို့ခံများထံမှ သိရသည်။