(002MG)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကျေးရွာဖက်တွင် စစ်ဘေးတိမ်းရှောင်ရင်း မြို့ပေါ်သို့ မှတ်ပုံတင်ပြုလုပ်ရန် ပြန်လာကြ သည့် အမျိုးသမီး ၂ ဦးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပြန် လွတ်ပေးခြင်းမရှိသေးကြောင်းသိရသည်။
မင်းတပ်မြို့ ဒေသခံတစ်ဦးက “သူတို့က မလွတ်သေးဘူး၊ ဘာမှတော့ မထူးသေးဘူး၊ မေးမြန်း စစ်ဆေးနေတုန်းလို့ သူတို့ (စကစ) က ပြောတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာ အတိအကျတော့ မသိရသေဘူး” ဟု ပြောသည်။
အဆိုပါ အမျိုးသမီး ၂ ဦးသည် ယမန်နေ့ မနက်ပိုင်းထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက နာမည်စာရင်းနှင့်အတူ မသက်ာသောကြောင့်ဟုဆိုကာ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါ အမျိုးသမီး (၂) ဦးကို မင်းတပ်မြို့ ပေါ် ခလရ (၂၇၄) တပ်ရင်းထဲ ဖမ်းဆီးစစ်ဆေးမေးမြန်းမူများ ပြုလုပ်နေဆဲဖြစ်ကာ မင်းတပ်မြို့မိမြို့ဖများအနေဖြင့်လည်း ဖမ်းဆီးခံရသူနှစ်ဦး၏ အခြေအနေများကို ဆောင်ရွက်ပေးနိုင်ရန် စုံးစမ်းမူများ ပြုလုပ်နေသည်ဟု သိရသည်။
မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ် အာဏာသိမ်း သုံးနှစ်တာကာလအတွင်း မြို့တွင်း အရပ်သားဖမ်းဆီးခံရသူ ၃၀၀ နီးပါးရှိလာပြီဖြစ်ကာ အချို့မှာ ပြန်လည်လွတ်မြောက်လာကြသော်လည်း တချို့မှာလည်း ယနေ့ချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိကြပေ။
ယခုရက်ပိုင်း မင်းတပ်မြို့တွင်း အိမ်ထောင်စုစာရင်းပြုလုပ်သူများ၊ မှတ်ပုံတင်ပြုလုပ်ရန်လာကြသည့် ပြည်သူများပြားသည်ဟုသိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်း မင်းတပ်မြို့တွင်း နေ့တိုင်း လုံခြုံရေးပိုင်းတွင် တင်းကြပ်စွာ စစ်ဆေးမူများပြုလုပ်သည်ဟု မင်းတပ်မြို့ဒေသခံထံမှ သိရသည်။