Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့အနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး၊ ဓမ္မဆရာ ၁ ဦးအပါအဝင် ၆ ဦးသေဆုံး
ဓာတ်ပုံ - Salai Har Ling

မင်းတပ်မြို့အနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး၊ ဓမ္မဆရာ ၁ ဦးအပါအဝင် ၆ ဦးသေဆုံး

0
By Editor on April 10, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီး၊ ဖွီကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ဦးနှင့် ဓမ္မဆရာ ၁ ဦး အပါအဝင် ၆ ဦးသေဆုံးကြောင်း မင်းတပ် ဒေသခံများက ပြောသည်။

ဧပြီလ ၉ ရက် ၈ နာရီ ၄၄ မီနစ်ခန့်တွင် တိုက်နယ် ၄၊ ဖွီကျေးရွာကို စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးအသုံးပြု၍ ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ၉ နာရီထိုးခါးနီးတွင် ဂျက်ဖိုက်တာဖြင့် ဒုတိယအကြိမ် ပေါင် ၅၀၀ ဗုံးကို ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့ညက မင်းတပ်မြို့အနီး ဖွီကျေးရွာကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲလို့ မိသားစု(၅) ယောက်စလုံးနဲ့ ဘာသာရေးဆရာတော်တပါး သေသွားတယ်။ အဲဒီက ရွာသားတွေထဲ ထိခိုက်ဒဏ်ရာရတာက ၇ ဦးလောက်ရှိတယ် ကြားတယ်” ဟု မင်းတပ်ဒေသခံတဦးက ပြောသည်။

သေဆုံးသူများတွင် မိသားစု တစ်စုမှ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦး သေဆုံးသွားပြီး ဓမ္မအမှုတော်ဆောင် ပါစတာဖြစ်သူ Se Thang လည်း သေဆုံးခဲ့ကြောင်း၊ ဒေသခံရွာသား ၇ ဦးခန့်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် AG ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့သည်ဟု သိရသည်။

ယမန်နေ့ည ၁၂ နာရီခန့်ကလည်း တီးတိန်မြို့နယ်၊ ဆိုင်းဇန် (Saizang) ကျေးရွာကို တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ ဒေသခံပြည်သူစစ်ဘေးရှောင်များကို မင်းတပ်မြို့ပေါ်မှာ ပြန်လည်နေရာချ ထားနိုင်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နှင့် CDF – မင်းတပ်က ဆောင်ရွက်နေကြောင်း သိရသည်။

မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က အပြီးသတ်သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ ကင်းစင်ဒေသအဖြစ် ကြေညာထားသော်လည်း စစ်ကောင်စီသည် မတ်လ အစပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.