Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့ တကျော့ပြန်တိုက်ပွဲ စကစနှင့် CDF နှစ်ဖက်တပ်ဖွဲ့များ အကျအဆုံးများ

မင်းတပ်မြို့ တကျော့ပြန်တိုက်ပွဲ စကစနှင့် CDF နှစ်ဖက်တပ်ဖွဲ့များ အကျအဆုံးများ

0
By Editor on July 31, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် CDF–Mindat နှင့် စစ်ကောင်စီတို့အကြား တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားမှုတွင် CDF ဘက်မှ ၁၂ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁၆ ဦးသေဆုံးခဲ့သည်ဟု CDF-Mindat အဖွဲ့က ထုတ်ပြန်သည်။

CDF-Mindat နှင့် စစ်ကောင်စီအကြား အပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးရန် ဆွေးနွေးမှုပျက်ပြယ်ခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက်နေ့ကစ၍ စကစတပ်ဖွဲ့များသည် စစ်ရေးလှုပ်ရှားမှုရှိလာကာ မင်းတပ်မြို့နယ် ရွှေတွင်းတူးကျေးရွာဘက်တွင် ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းက တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်းချောင်းရွာဘက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ CDF-Mindat ဘက်မှ ရဲဘော်ဆလိုင်းဟုန်းအွမ် ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်ဒဏ်ရာရသူအများအပြားနှင့် သေဆုံးသူရှိသော်လည်း အတိအကျမသိနိုင်ကြောင်း CDF-Mindat က ထုတ်ပြန်ထားသည်။

ထို့အပြင် ဇူလိုင် ၂၂ ရက်နေ့တွင်ပင် CDF-Mindat တပ်ဖွဲ့သည် မကွီအိမ်နူးမြို့ရှိ ရဲစခန်းနှင့်တပ်စခန်းကို သိမ်းပိုက်ကာ စကစဗိုလ်ကြီးတစ်ဦး CDM ဝင်ခဲ့ပြီး အရာခံဗိုလ်တစ်ဦးနှင့် စစ်သား ၄ ဦးကိုမူ စခန်းမှ အသာတကြည်ထွက်ခွာခွင့်ပေးခဲ့ကာ လက်နက်များအတူ စခန်းနှစ်ခုစလုံးကို သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

ဇူလိုင် ၂၃ ရက်နေ့တွင် စကစတပ်သည် ရမ်ပန်းရွာအထိတက်လာကာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး CDF-Mindat နှင့် တိုက်ပွဲပြန်ဖြစ်ကာ စကစတပ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။

နောက်တစ်နေ့ ဇူလိုင် ၂၄ ရက်နေ့တွင် စကစတပ်များ နောက်ဆုတ်သွားပြီး CDF-Mindat က နောက်ကလိုက်သွားကာ ရွှေတွင်းတူးရွာအထိ နယ်မြေရှင်းလင်းခဲ့ကြသည်။

ဇူလိုင် ၂၅ ရက်နေ့တွင် စကစဘက်က စစ်အကူနှင့် အင်အားဖြည့် ပြန်ချီတက်လာကာ နယ်မြေရှင်းလင်းရေးဆင်းလာသော CDF-Mindat နှင့် ဒန့်ဒီးရွာနားတွင် ထိပ်တိုက်တွေ့ကာ တိုက်ပွဲပြန်ဖြစ်ပွားခဲ့သည်။

အဲဆိုပါတိုက်တွင် CDF-Mindat ဘက်က ရဲဘော် ၄ ဦးကျဆုံးကာ စကစဘက်ကလည်း ထိခိုက်မှုများရှိခဲ့သည်။

မတူပီမြို့ဘက်ကနေ မင်းတပ်မြို့ဘက်ကို ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/CDF-Matupi/CNF စုပေါင်းတပ်တို့သည်လည်း ဇူလိုင် ၂၄ ရက်နေ့၌ ရှစ်ဝါနူးရွာတွင် တိုက်ပွဲဖြစ်ပွားကာ CDF-Mindat မှ ဦးချိူင်ထန်း၊ CDF-Matupi မှ ဇော်မြင့်ဖေ၊ ထွန်းရွှေနှင့် CNF မှ ရွန်နော်ဖွန်ထန်းတို့် ကျဆုံးခဲ့သည်ဟု CDF-Mindat ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၂၇ ရက်နေ့တွင် ကန်ပက်လက်မြို့ဘက်မှ မကွီအိမ်နူးစခန်းသို့ ဦးတည်စစ်ကြောင်းချီလာသော စကစတပ်နှင့် CDF-Mindat/CDF-Kanpetlet ပူးပေါင်းတပ်တို့သည် မင်းတပ်-ကန်ပက်လက်ကြား ခါနန်းရွာနားတွင် တိုက်ပွဲဖြစ်ပွားကာ စကစဘက်က အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး CDF ဘက်က ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေ။

ထို့နောက် ဇူလိုင် ၂၉ ရက်နေ့တွင် မင်းတပ်-မတူပီလမ်း ၇၄ မိုင်တွင် CDF-Mindat/CDF-Matupi/CNF ပူးပေါင်းတပ်နှင့် စကစတပ်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲမှာ ညနေ ၇ နာရီမှ ၁၂ ကျော်အထိ ဖြစ်ပွားခဲ့ပြီး CDF-Matupi မှ ရဲဘော် ၃ ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့မှ အနည်းဆုံး ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီနှင့် CDF အကြား တိုက်ပွဲအရှိန်သည် လျှော့ကျမသွားဘဲ ဆက်လက်ဖြစ်ပွားလျှက်ရှိကာ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း မင်းတပ်-မတူပီလမ်း ၇၆ မိုင်တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရသူနှင့် ကျဆုံးမှု ရှိ/မရှိ မသိရသေးကြောင်း Mindat-CDF အဖွဲ့က ထုတ်ပြန်ထားသည်။

မင်းတပ်မြို့နယ်အတွင်း ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၈ ရက်တာတိုက်ပွဲအတွင်း CDF ဘက်မှ ၁၂ ဦးကျဆုံးပြီး စကစဘက်မှ အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.