Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်မှာ ပြည်သူ့အခြေပြုကျောင်းတွေကို လေကြောင်းမှ ဦးတည်တိုက်ခိုက်၍ ကျောင်းအားလုံးခေတ္တပိတ်

မင်းတပ်မှာ ပြည်သူ့အခြေပြုကျောင်းတွေကို လေကြောင်းမှ ဦးတည်တိုက်ခိုက်၍ ကျောင်းအားလုံးခေတ္တပိတ်

0
By Editor on October 10, 2025 Khonumthung

(006SV)

ချင်းတော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသော မင်းတပ်မြို့နယ်တွင် စာသင်ကျောင်းများကို စစ်ကော်မရှင်က လေကြောင်းမှ ဦးတည်တိုက်ခိုက်နေ၍ ပြည်သူ့အခြေပြုကျောင်းအားလုံးကို ယနေ့ အောက်တိုဘာလ ၁၀ ရက်မှစတင်၍ ခေတ္တပိတ်ကြောင်း မင်းတပ်ပအဖအဖွဲ့က ကြေညာသည်။

ကြားကာလပြည်သူ့ အခြေပြုကျောင်းများ ပိတ်ရန် ကိစ္စနှင့်ပတ်သက်၍ အောက်တိုဘလ ၉ ရက် နေ့စွဲဖြင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကော်မရှင်တပ်က ကလေးသူငယ်များကို ဦးတည်ကာ စာသင်ကျောင်းများ၊ ဘော်ဒါ ဆောင်များကို တိုက်ခိုက်မှုကြောင့် ကြားကာလ ပြည်သူ့အခြေပြုကျောင်းများ အားလုံးကို ခေတ္တပိတ်လိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့သည် ကယ်ဆယ်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၈ ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာက စာသင်ကျောင်းနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိကာ တချို့မှာ ဒဏ်ရာ ပြင်းထန်းသည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်အပါအဝင် နေအိမ် ၆ လုံးလည်း ပျက်စီးသွားကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက်ကလည်း မင်းတပ်မြို့၏ ၂ နေရာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိကြောင်း CDF – မင်းတပ်ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် မင်းတပ်မြို့နယ်ကို CDF – မင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ပြီး အုပ်ချုပ်ရေး နှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေချိန်တွင် စစ်ကော်မရှင်တပ်သည် မင်းတပ်မြို့ပေါ်နှင့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

ချင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဇွန်လထဲ အမျိုးသမီး ၃ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.