Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၅ နှစ်အတွင်း ကလေးနှင့် အမျိုးသမီးအပါအဝင် ဒေသခံ ၄၀ သေဆုံး

မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၅ နှစ်အတွင်း ကလေးနှင့် အမျိုးသမီးအပါအဝင် ဒေသခံ ၄၀ သေဆုံး

0
By Editor on August 25, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခဲ့ရာ ငါးနှစ်တာအတွင်း ကလေးသူငယ်နှင့် အမျိုး သမီးအပါအဝင် ဒေသခံပြည်သူ ၄၀ သေဆုံးပြီး ၁၂၀ ဦးထိခိုက်ဒဏ်ရာများ ရရှိသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်မှစ၍ ယခုလ ဩဂုတ် ၃ ရက်အထိ စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၇၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သည်ဟု မင်းတပ်မြို့ပအဖက ၎င်းတို့ ပြုစုထားသော စာရင်းများအရ ယနေ့ ဩဂုတ်လ ၂၃ ရက်မှာ ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်က လေကြောင်းတိုက်ခိုက်မှုများတွင် ဗုံးအရေအတွက် ၃၂၉ လုံး ဝန်းကျင်အသုံးပြုခဲ့သည်ဟု မင်းတပ် ပအဖ က ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများအတွင်း ဒေသခံပြည်သူနေအိမ် ၁၇၂ လုံး၊ စာသင်ကျောင်း၊ ဆေးရုံး၊ ဆေးခန်း စသဖြင့် အစိုးရအဆောက်အဦး ၄၀ ခုနှင့် ဘုရားကျောင်း ၊ ဘုန်ကြီးကျောင်း စသည့် ဘာသာရေးအဆောက်အဦး ၁၈ လုံး ထိခိုက်ပျက်စီးသည်ဟု သိရသည်။

လက်ရှိစာရင်းတွင် CDF – မင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့များ၏ မင်းတပ်မြို့သိမ်းတိုက်ပွဲကာလ ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုများကို ထည့်သွင်းရေတွက်ထားခြင်း မရှိကြောင်း သိရသည်။

၂၀၂၄ ဒီဇင်ဘာလထဲတွင် မင်းတပ်မြို့နယ်ကို CDF – မင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့သိမ်းတိုက်ပွဲက စစ်သုံ့ပန်း ၄၀ ကျော်ကို ULA/ AA လွှတ်ပေး

MRO/ CDF – မတူပီ စစ်သားစုဆောင်းနေမှုသည် ပြည်သူကို အကျပ်အတည်းရောက်စေနိုင်သော အာဏာရှင် လုပ်ရပ်ဟု မတူပီအင်အားစုများဆို

ညီအကိုအချင်းချင်းကြားပြန်လည်သင့်မြတ်ရေးအတွက် ဖမ်းဆီးထားသော CNO/CNDF-UCR အတွင်းရေးမှူးကို CDF-Hualngoram က ပြန်လွှတ်ပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.