Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မှာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်နှစ်အတွင်း အရပ်သား ၉ ဦး သေဆုံး၊ ၃၅ ဦး ထိခိုက်မိ၊ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ ၇၂ ဦးသေဆုံး၊ ၄၀ ကျော် ဒဏ်ရာရ

မင်းတပ်မှာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်နှစ်အတွင်း အရပ်သား ၉ ဦး သေဆုံး၊ ၃၅ ဦး ထိခိုက်မိ၊ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ ၇၂ ဦးသေဆုံး၊ ၄၀ ကျော် ဒဏ်ရာရ

0
By Editor on December 4, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယခုနှစ်ထဲမှာ အရပ်သားပြည်သူ ၉ ဦး သေဆုံးပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဘာသာရေးနှင့် စာသင်ကျောင်းအပါအဝင် လူနေအိမ် ၁၀၀ ကျော် ပျက်စီးသည်ဟု CDF မင်းတပ်က  သတင်းထုတ်ပြန်သည်။

ယခုနှစ်အတွင်း မင်းတပ်မြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှု ၆၇ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၆ ဦးသေဆုံး၍ ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး CDF – မင်းတပ်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၄ ရက်မှာ CDF မင်းတပ်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် အကြိမ်များစွာ ပစ်ခတ်မှုကြောင့်လည်း အရပ်သားပြည်သူ ၃ ဦးသေဆုံး၍ ၂၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

“အစည်းအဝေးရှိတဲ့အခါမှာ အဓိက တိုက်ခိုက်တာကို သတိထားမိတယ်။ ရွာတွေမှာ အစည်းအဝေးရှိရင် အဲနေရာကို လေကြောင်းတိုက်ခိုက်တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ မြို့ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားတာကို ကျေးရွာတွေ အကုန်လုံးက မင်းတပ် CDF အောက်မှာပဲ ရှိနေတယ်။ မင်းတပ်မြို့နယ်ထဲမှာ မဟာမိတ်တွေက သွားလာတဲ့အခါ မျိုးမှာလည်း တိုက်ခိုက်တာတွေ ရှိတယ်။ အဓိကက အဲဒီ ၂ ချက်ကြောင့် မင်းတပ် ၂၇၄ တပ်ရင်းကနေ လက်နက်ကြီး ပစ်တယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲမှု ကော်မတီမှ ကိုလော်ရင့်က ပြောသည်။

လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားနေအိမ် ၁၀၃ လုံး၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၆ ကျောင်း၊ ကား ၂ စီး၊ ဆိုင်ကယ် ၁၇ စီး ပျက်စီးခဲ့သည်ဟု သိရသည်။ 

ယခုနှစ်အတွင်း ထိတွေ့တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားခဲ့ရာတွင်လည်း စစ်ကောင်စီမှ ၇၂ ဦး သေဆုံး၊ ၄၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်၊

CDF မင်းတပ်မှ တိုက်ပွဲအတွင်း ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် CDF – မင်းတပ်တပ်ဖွဲ့ဝင် ၂ ဦးလည်း ထပ်မံကျဆုံးခဲ့ပြီး တစ်ဦးမှာ ဆောမြို့အနီးတွင် ဖမ်းဆီးသတ်ဖြတ်ခံ လိုက်ရခြင်းဖြစ်သည်ဟု  သိရသည်။

 “မြေပြင်စစ်ကြောင်းထိုးနိုင်တုန်းက လက်နက်ကြီးနဲ့ ပစ်တာတို့ ဝေဟင်က တိုက်ခိုက်တာတို့ မရှိခဲ့ဘူး။ မြေပြင်စစ် ကြောင်း မရှိတဲ့ နောက်ပိုင်း အဲလို တိုက်ခိုက်မှုတွေ ပိုများလာတာပါ။ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက် တာမျိုးတွေ ရှိလာတယ်။ ဒီတိုက်ခိုက်မှုမျိုးက ပိုများလာဖို့ပဲ ရှိတယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲမှု ကော်မတီမှ ကိုလော်ရန်က ပြောသည်။

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် ကျေးရွာတွေဘက်သို့ စစ်ကြောင်းထိုးရာတွင်  ၂၀၂၁ ခုနှစ်က ၁၀ ကြိမ်၊ ၂၀၂၂ တွင် ၂ ကြိမ်ခန့်သာ စစ်ကြောင်းထိုးနိုင်ခဲ့သည်၊

လက်ရှိတွင် စစ်ကောင်စီသည် မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ကျေးရွားအာလုံးကို CDF မင်းတပ်က စိုးမိုးထိန်းချုပ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.