Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

0
By Editor on May 19, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ တိုက်နယ် – ၁ ထဲက ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ရက်ဆက်တိုက်ပြုလုပ်ရာတွင် အစုပြုံလိုက်ဗုံး (Cluster Bomb) နှင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအများအပြား အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် – ၁ အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီသည် မေလ ၁၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်သွားသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၈ ရက်က ထုတ်ပြန်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် အစုပြုံလိုက်ဗုံး (Cluster Bomb) အသုံးပြုခဲ့သော အထောက်အထားများ တွေ့ရှိရပြီး ဗုံးအလုံးရေ ၁၀ လုံးဝန်းကျင်သည် ကျေးရွာအတွင်းနှင့် ကျေးရွာဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

“လေကြောင်းတိုက်ခိုက်မှုက ၂ ကြိမ်လာတိုက်တယ်။ အဲဒီနေ့က တိုက်နယ် ၁ ရဲ့ ကျေးရွာရဲ့ အနှံ့အပြားမှာပဲ။ ရွာထဲမှာကျတယ်။ ရွာအပြင် ချောင်းထဲမှာ ၄ လုံး၊ ၅ လုံးလောက်ကျတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် cluster ဗုံးလို့ သတ်မှတ်ရတာပေါ့နော်။ ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာလို့ပဲ ပြောရမှာပါ။ ပြည်သူတွေက ဒဏ်ရာရတာက သိပ်မရှိဘူးခင်ဗျ။ အနှံ့အပြားမှာ ကျကွဲတယ်ပေါ့နော်။ အဲဒီမတိုင်ခင်မှာလည်း တောက်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတော့ ပြည်သူတွေက သတိရှိရှိနဲ့ အကုန်လုံးက ကတုတ်ကျင်းတွေထဲ ပြေးပုန်းကြတာကြောင့်ပဲ အဲလိုမျိုး ထိုခိုက်မှုနည်းတာလို့ မြင်ရပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်ဟု သိရသည်။

မေလ ၁၆ ရက်ကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် – ၁ အတွင်းက ကျေးရွာတစ်ရွာအနီးဝန်းကျင်ကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မေလ ၁၅ ရက်မှာလည်း တိုက်နယ်အမှတ် – ၁ ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီသည် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၁ ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁ ဦး ထိခိုဒဏ်ရာများရရှိခဲ့ကြောင်း၊ ကျေးရွာစာသင်ကျောင်း အကြီးအကျယ် ထိခိုက်ပျက်စီး၍ ကျေးရွာအိမ်ခြေ ၄၂ အိမ် ထိခိုက်ပျက်စီးကာ တချို့အိမ်များမှာ မီးလောင်ပြကျခဲ့သည်ဟု သိရသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ချင်းတော်လှန်ရေးတပ် သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းတပ်မြို့နယ်ကို စစ်ကောင်စီသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၁၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဗုံးဒဏ်ခံရသော ပြည်သူများ လူသားချင်းစာနာထောက်ပံ့မှု အကူအညီများ လိုအပ်နေသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.