Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်-ကံကြီး-ဆောနဲ့ မင်းတပ်-ကျောက်ထုလမ်းများ သွားလာခွင့် ပိတ်လိုက်ကြောင်း မင်းတပ်-CDF ထုတ်ပြန်

မင်းတပ်-ကံကြီး-ဆောနဲ့ မင်းတပ်-ကျောက်ထုလမ်းများ သွားလာခွင့် ပိတ်လိုက်ကြောင်း မင်းတပ်-CDF ထုတ်ပြန်

0
By Editor on July 14, 2023 Headline

(06SV)

မကွေးတိုင်း၊ ယောနယ်ဘက်က စစ်ကောင်စီစစ်ကြောင်းသည် ချင်းပြည်နယ်၊ မင်းတပ်ဘက်ကို စစ်ကြောင်းထိုးလာနိုင်သောကြောင့် မင်းတပ်-ကံကြီး-ဆော လမ်းမကြီးကို ယနေ့ ဇူလိုင်၁၃ ရက်မှ စတင်၍ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ချင်းကာကွယ်ရေးတပ်-မင်းတပ်က ထုတ်ပြန်သည်။

“စစ်ကြောင်းတစ်ကြောင်းက ယောနယ်ဘက်ကနေ ချင်းပြည်နယ်ဘက်ကို သွားလာမှု ရှိနိုင်တယ်ပေါ့။ အဲဒါ ကျနော်တို့နဲ့ အချိန်မရွေး ထိတွေ့မှု ဖြစ်နိုင်တယ်။ ပြည်သူတွေ သွားလာတဲ့အချိန် တိုက်ပွဲဖြစ်ရင် မလိုလာအပ်တဲ့ ထိခိုက်မှုတွေဖြစ်မှာစိုးလို့ ပိတ်လိုက်တဲ့သဘောပါ” လို့ ချင်းကာကွယ်ရေးတပ်-မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

လတ်တလောစစ်ရေးအခြေအနေအရ မင်းတပ်-ကံကြီး-ဆော လမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ပိတ်ထား၍ ယနေ့မှစတင်ကာ ပြည်သူများ ၎င်းလမ်းကို အသုံးမပြုကြရန်နှင့် ပြန်လည်အသုံးပြုနိုင်မည်ဆိုပါက အသိပေးသွားမည်ဟု သိရသည်။

ဇူလိုင်လ ၉ ရက်မှစတင်၍လည်း စစ်ကောင်စီတပ် ကျောက်ထုတပ်မှ ချင်းဘက် စစ်ကြောင်းထိုးလာပါက အချိန်မရွေး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်သောကြောင့် ကျောက်ထု-မင်းတပ် လမ်မကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ထားသည်ဟု မင်းတပ်-CDF က ထုတ်ပြန်ထားသည်။

“မင်းတပ်က သွားလို့ ရတဲ့ လမ်းက နှစ်လမ်းရှိတာပေါ့။ အဲဒီလမ်းတွေကလည်း လောလောဆယ် အားလုံးက ယောဘက်က ယောနယ်ဒေသခံကာကွယ်ရေးတပ်တွေကလည်း ပိတ်ထားတယ်။ လောလောဆယ် အကုန်လုံးကို ပိတ်ဆို့မှု လုပ်ပြီးမှ ဒီစစ်ကြောင်း သော်လည်းကောင်း၊ ဒီအတောအတွင်း ထိတွေ့မှုတွေ ရှိနိုင်တယ်ပေါ့နော်” လို့ ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ်-ကံကြီး-ဆောလမ်းပိုင်းသည် မင်းတပ်မှ ဆင်းလာပါက မကွေးတိုင်းအစပ် ကံကြီးရွာကို ဖြတ်သန်းပြီး ဆောမြို့အရောက်၊ ဘယ်ဘက်ကို ဆက်လက်ထွက်ခွာပါက ချောက်-ကန်စွန်းမဘက်ကို ရောက်ရှိသည်။

မင်းတပ်-ကျောက်ထု လမ်းပိုင်းသည် မင်းတပ်မှ ဆင်းလာပါက မကွေးတိုင်းအစပ် ကံကြီးရွာမှ တည့်တည့်သွားပါက ကျောက်ထုကိုရောက်ပြီး ယင်းမှတစ်ဆင့် ပေါက်-ပခုက္ကူဘက်သို့ ရောက်သောလမ်းဖြစ်သည်။

ယောနယ်အတွင်း စစ်ရေးလှုပ်ရှားသော ဂန့်ဂေါခရိုင်၊ အမှတ် (၁၃) တပ်ရင်းကလည်း ဆော-ကျောက်ထု လမ်းပိုင်းကို ပြည်သူများ ခရီးသွားလာခွင့်မရှိတော့ဘဲ ပိတ်လိုက်သည်ဟု ယနေ့ ဇူလိုင် ၁၃ ရက်က ထပ်မံထုတ်ပြန်သည်။

ကျောက်ထုတပ်ထဲက စစ်ကောင်စီအင်အား ၈၀ ခန့်သည် လက်နက်ကြီးများ ပစ်ခတ်လျက် ယောမြို့ကျေးရွာတောင်ဘက်ကို ထွက်ခွာသွားပြီး ၎င်းစစ်ကြောင်းတွင် ပျူစောထီး အမျိုးသမီး ၈ ဦးခန့်လည်း ပါဝင်သည်ဟု ယောအလင်းတန်းက ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.