Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်-ကျောက်ထု လမ်းမကြီးအား အချိန်ပိုင်းဖြင့်သာ အသုံးပြုရန် အသိပေးထုတ်ပြန်

မင်းတပ်-ကျောက်ထု လမ်းမကြီးအား အချိန်ပိုင်းဖြင့်သာ အသုံးပြုရန် အသိပေးထုတ်ပြန်

0
By Editor on June 14, 2024 Khonumthung

(002MG)

ချင်းပြည်နယ်အစပ် မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းရှိ ကျောက်ထု – မင်းတပ် ကတ္တရာကားလမ်း၊ ကျောက်ထု – ဆော ကတ္တာရာကားလမ်းမကြီးတို့အား ယနေ့ ဇွန်လ ၁၄ ရက်နေ့မှစတင်ကာ မနက် ၆ နာရီမှ ည ၇ နာရီထိသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၈/၉) တပ်ရင်းက ယနေ့တွင် ထုတ်ပြန်ထားပါသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မိဘပြည်သူများအနေဖြင့် ယခုကြေငြာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ် ထုတ်ပြန်ကြေငြာချက် မရှိသေးသည့် ကာလအတွင်း ကျောက်ထု – မင်းတပ်၊ ကျောက်ထု – ဆော ကတ္တရာ ကားလမ်းမကြီးများ အား ည ၇ နာရီမှ မနက် ၆ အတွင်း ဖြတ်သန်းသွားလာခြင်း လုံး၀ (လုံး၀) မပြုလုပ်ကြပါရန် အသိပေးဖော်ပြထားသည်။

အရေးပေါ်ကိစ္စရပ်များ မဖြစ်မနေသွားလာမည်ဆိုပါက ဂန့်ဂေါခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းအမှတ် ၈/၉ တပ်ရင်းအားဆက်သွယ်အကြောင်းကြားပေးကြပါရန် အသိပေးထုတ်ပြန်အပ်ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၈/၉)တပ်ရင်းဖော်ပြထားသည်။

ထို့ကြောင့်သတ်မှတ်ထားသည့် အချိန်ကာလအတွင်း သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ထံ အကြောင်းကြားခြင်းမရှိပဲ ဖြတ်သန်းသွားလာခြင်းများလုပ်ဆောင်ပါက မိမိတာ၀န်သာလျင်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ဟုဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.