Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်-မတူပီကြားတိုက်ပွဲ စကစ ၂၅ ဦးခန့်သေဆုံး

မင်းတပ်-မတူပီကြားတိုက်ပွဲ စကစ ၂၅ ဦးခန့်သေဆုံး

0
By Editor on November 6, 2021 Headline

မင်းတပ်-မတူပီလမ်း မိုင်တိုင် ၆ မိုင် အကျော်တွင် နိုဝင်ဘာ ၄ ရက်​နေ ့မနက် ၈ နာရီခွဲကစ၍ စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်နှင့် CDF-MINDAT တိုက်ပွဲဖြစ်ပြီး၊ CDF-MINDAT ထောင်ထားသော ပဒေသာမိုင်းကြောင့် စကစ ၅ ဦး ခန့်သေဆုံးပြီး ဒဏ်ရာရသူများရှိသည်။

ယင်းပဒေသာမိုင်းခွဲချိန်တွင် မှိုင်းတိုက်သွား၍ ကောင်းကောင်း မမြင်ရဘဲမှန်းပြီးခွဲလိုက်ရာတွင် အနည်းငယ်စောသွားသည့် စကစများ အထိနည်းခဲ့သည်ဟု သိရသည်။

ထို့နောက် မင်းတပ်-မတူပီ မိုင်တိုင် ၄၃ တွင် သံချပ်ကာကားပါ စကစ ယဉ်တန်းရှည်ကို CDF-MINDAT က ရှေ့နောက်ညှပ်တိုက်ရာ စကစ ၂၀ ဦးခန့်ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

အနောက်‌ဘက်မှတိုက်သူများက စကစယဉ်တန်း၏ နောက်ဆုံးကားကို တိုက်ခိုက်နေချိန်တွင် ယဉ်မောင်းက ‌ကားကိုမောင်းပြေးသဖြင့် ကားအောက်ဝင်ပုန်းနေသော စကစများ အကာအကွယ်မဲ့ပြီး အကျအဆုံးများခြင်းဖြစ်သည်။

ယဉ်မောင်းက ကားမောင်းပြေးသဖြင့် ကားအောက်တွင်ဝပ်နေရာယူသော စကစတပ်သားများ ကား‌နောက်အမှီ ပြန်‌ပြေး လိုက်နေချိန်တွင် CDF-MINDAT ၏ ဝိုင်းဝန်း ပစ်ခတ်မှုကြောင့် အကျဆုံး များခြင်းဖြစ်သည်ဟု CDF-MINDAT ကထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.