Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်-မတူပီကြားတိုက်ပွဲ စစ်ကောင်စီတပ်အထိနာနေ

မင်းတပ်-မတူပီကြားတိုက်ပွဲ စစ်ကောင်စီတပ်အထိနာနေ

0
By Editor on April 5, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကနေ မတူပီမြို့ကို ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းဖို့ ချီတက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မတ်လ ၂၆ ရက်ကတည်းကနေ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတောက်လျှောက် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့သိရပါတယ်။

မင်းတပ်-မတူပီလမ်းကြောင်းအတိုင် ချီတက်လာတဲ့ တင်ကား ၂ စီးအပါအဝင် စစ်ကောင်စီယာဉ်တန်း ၈၀ ကျော်ကို မတ်လ ၂၉ ရက်နေ့က CDF-Mindat တပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

ပေါက်ကွဲအားကောင်းတဲ့ အဲဒီ ပဒေသာမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အကျအဆုံးစာရင်းကိုတော့ မသိရပေမယ့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ရက်ကတော့ ၂၉ ရက်နေ့ကပါ မင်းတပ်-မတူပီလမ်းကြားတစ်နေရာမှာပါ တောင်တွေတောင် ပေါက်ကွဲအားက ကျော်သွားတာလှမ်းမြင်ရမှာပါ ဗီဒီယိုဖိုင်မှာလေ ဒီဟာမှာ သူတို့ အထိခိုက်အကျအဆုံးများမယ် သေတာများမယ် တော်တော်လေး ထိခိုက်များမယ်လို့ ကျနော်တို့သုံးသတ်ပါတယ်” ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

မင်းတပ်မြို့ကနေ မတ်လ ၂၅ ရက်နေ့ကနေစတင်ထွက်ခွါလာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ CDF-Mindat တပ်ဖွဲ့တွေရဲ့ အကြိမ်ကြိမ် တိုက်ခိုက်မှုကြောင့် ယနေ့ချိန်ထိ မင်းတပ်-မတူပီကြား မိုင်တိုင် ၇၀ လောက်မှာသာ ရှိနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။

မင်းတပ် နဲ့ မတူပီမြို့ဟာ ၁၀၂ မိုင် လောက်သာကွာဝေးပါတယ်။

တဖက်မှာတော့ မင်းတပ်ကနေ ထွက်ခွါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မတူပီမြို့အခြေစိုက် ခလရ ၃၀၄ တပ်ရင်းက သွားရောက်ဆင်းကြိုခဲ့ရာမှာ မတ်လ ၃၁ ရက်နဲ့ ဧပြီလ ၂ ရက်နေ့မှာ မင်းတပ်-မတူပီလမ်း ချန်းပြန်းကျေးရွာအနီးမှာ CDF-Matupi တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂၅ ဦးသေဆုံးခဲ့တယ်လို့ CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျောက်ထုကနေ မတူပီကို အင်အားဖြည့်မယ့် စစ်ကောင်စီယာဉ်တန်းကို မတူပီအခြေစိုက် ခလရ ၃၀၄ တပ်ရင်းက ဆင်းကြိုတာပေါ့ လမ်းတဝက်အထိ အဲဒီ ဆင်းကြိုတဲ့အဖွဲ့နဲ့ CDF-Matupi တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ် နောက်ဆုံးအတည်ပြုချက်အရ စစ်ကောင်စီဘက်က ၂၅ ဦးလောက်သေဆုံးတယ် ထိခိုက်ဒဏ်ရာကတော့ ၂၀ ထက်မနည်းပေါ့နော် တော်တော် လေးတော့ဒဏ်ရာရတယ်ဗျ”

မတ်လ ၃၁ ရက်နေ့က မတူပီမြို့နယ် ချန်းပြန်းရွာဟောင်းနဲ့ ရွာသစ်အကြားမှာ ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံးခဲ့ပြီး ဧပြီလ ၂ ရက်နေ့မှာဖြစ်ပွားတဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ပွဲဖြစ်စဉ်အတွင်းမှာ CDF-Matupi တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဆမီးမြို့ မြို့အဝင်ဂိတ်မှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို CDF-Paletwa နဲ့ CNA ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ည ၈ နာရီခွဲလောက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ CDF-Paletwa က ထုတ်ပြန်ထားပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.