Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်-မတူပီလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

မင်းတပ်-မတူပီလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

0
By Editor on April 7, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့သို့ အင်းအားဖြည့်တင်းရန် မင်းတပ်ဘက်မှ ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တို့ ယနေ့မနက်ပိုင်းက မင်းတပ်-မတူပီလမ်း မိိုင်တိုင် ၈၇ တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု CDF- Matupi က ထုတ်ပြန်သည်။

မတူပီမြို့မှ ၁၅ မိုင်ခန့်အကွာ မင်းတပ်-မတူပီလမ်းတွင် ယနေ့နံနက်ပိုင်း ၆ နာရီ ၄၀ ခန့်ကစ၍ စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်ဖွဲ့တို့ တစ်နာရီကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

CDF-Matupi ပြန်ကြားရေးတာဝန်ခံက “ဒီမနက်် ခြောက်နာရီကျော်ကနေစပြီးတော့မှ ၁ နာရီနီးနီး ထိတွေ့မှုရှိတယ်။ သူတို့က ညကမိုင်တိုင် ၈၆ မှာအိပ်တယ်ဆိုတော့ အဲ့ကနေပြန်ထွက်မှာ ထိတွေ့မှုဖြစ်တယ်။ ကျွန်တော်တို့ဖက်က အထိအခိုက်မရှိဘူး။ စကစဖက်တော့ ၅ ဦးကျဆုံးတယ်” ဟု ပြောသည်။

မတူပီမြို့အခြေစိုက် တပ်ရင်းစခန်းများမှ မတူပီ-မင်းတပ်လမ်းပေါ်ရှိ ချန်းပြန်း (က) ရွာဟောင်းဘက်သို့ လက်နက်ကြီးများ အဆက်မပြတ် ရမ်သမ်းပစ်ခတ်လျှက်ရှိပြီး CDF- Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ခြေရှိပြီး စစ်ကောင်စီယာဉ်တန်းသည်လည်း ၂ ရက် ၃ ရက်အတွင်း မတူပီမြို့သို့ ဝင်ရောက်လာနိုင်သည်ဟု သိရသည်။

တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၈၀ ကျော်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းသည် စစ်ဗျူဟာအခြေစိုက်ရာ မတူပီမြို့သို့ စစ်အင်အားဖြည့်တင်းရန်အတွက် မင်းတပ်မြို့မှ မတ်လ ၂၅ ရက်နေ့ကတည်းက ထွက်ခွါလာပြီး လမ်းခရီးတစ်လျှောက်တွင် CDF-Mindat တပ်ဖွဲ့နှင့်အကြိမ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မင်းတပ်နှင့် မတူပီမြို့သည် ၁၀၂ မိုင်ခန့်သာကွာဝေးပြီး စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့မှ စတင်ထွက်ခွါလာသည်မှာ ၁၃ ရက်ခန့်ရှိပြီဖြစ်သော်လည်း ၈၇ မိုင်အထိသာ ရောက်ရှိနိုင်သေးသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၇၇ တွင် နေအိမ်တစ်လုံးနှင့် မိုင်တိုင် ၈၄ (ရမ်တီန်းကျေးရွာ) တွင် နေအိမ် ၂ လုံးတို့ကို မီးရှို့ဖျက်စီးခဲ့သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“၇၇ မိုင်မှာ မီးရှို့တာက တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို အိမ်မှာ တခါတည်းထည့်ပြီးတော့ အိမ်ပါတခါတည်း မီးရှို့တယ်လို့ ကျွန်တော်တို့ သတင်းရရှိပါတယ်။ စုစုပေါင်းအိမ်မီးရှို့တာတော့ ၃ လုံးပေါ့” ၎င်းကပြောသည်။

ရမ်တိန်းကျေးရွာသည် မတူပီမြို့မှ ၁၈ မိုင်ခန့်ကွာဝေးပြီး လူဦးရေ ၃၀၀ ခန့်နှင့် အိမ်ခြေ ၅၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.