Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်ထောင်ထဲက မြန်မာအကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု ယာယီဆိုင်းငံ့

မဏိပူရ်ထောင်ထဲက မြန်မာအကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု ယာယီဆိုင်းငံ့

0
By Editor on July 4, 2024 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားမြို့အကျဉ်းထောင်ထဲက မြန်မာနိုင်ငံသားများသည် အစာငတ်ခံဆန္ဒပြမှုကို ဇူလိုင် ၃ ရက်နေ့က ယာယီဆိုင်းငံ့ထားသည်ဟုသိရသည်။

မဏိပူရ်အကျဉ်းထောင်ထဲက မြန်မာနိုင်ငံသားမျာသည် ၁၈ ရက်ကြာ အစာငတ်ခံဆန္ဒပြပြီးနောက် ထောင်အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်မှုရလဒ်များကို စောင့်ဆိုင်းနေစဉ် ဇူလိုင်လ ၃ ရက်နေ့ကစ၍ သပိတ်ကို ယာယီဆိုင်းငံ့ထားရန် သဘောတူညီခဲ့ကြသည်ဟု India for Myanmar က ထုတ်ပြန်သည်။

မဏိပူရ်ပြည်နယ်အစိုးရသည် မြန်မာအကျဉ်းသားများ၏ တောင်းဆိုချက်အားလုံးကို အကောင်အထည်မဖော်နိုင်သောကြောင့် ထောင်အာဏာပိုင်များနှင့် အကျဉ်းသားများကြား ညှိနှိုင်းမှုရလာဒ်တချို့ ရရှိခဲ့ကြသည်ဟုဆိုသည်။

ထိုညှိနှိုင်းမှုရလာဒ်တချို့မှာ မဏိပူရ်အကျဉ်းထောင်အာဏာပိုင်များသည် အကျဉ်းသားများ၏ ရွေးချယ်မှုအရ အိန္ဒိယနိုင်ငံရှိ မြန်မာဒုက္ခသည်များအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အကျဉ်းသားများ၏ ရွေးချယ်မှုအရ မြန်မာနိုင်ငံသို့ ဘေးကင်းစွာပြန်နိုင်ရေး ဗဟိုအစိုးရအား တောင်းဆိုပေးရန်ဖြစ်သည်။

ယင်းအချက်ကို ချက်ချင်းမလိုက်လျောနိုင်ပါက အကျဉ်းသားများကိုယ်စား အကျဉ်းထောင်အာဏာပိုင်များက မြန်မာဒုက္ခသည်များအားလုံးကို Imphal Foreigner Detention Center မှ Churachandpur Foreigner Detention Center သို့မဟုတ် Mizoram Foreigner Detention Center သို့ ပြောင်းရွှေ့ပေးရန် ဗဟိုအစိုးရအား တောင်းဆို ပေးရန်ဖြစ်သည်ဟု သိရသည်။

အဆိုပါတောင်းဆိုချက်များကို ဆောလျင်စွာ မဖြေရှင်းပါက အစာငတ်ခံဆန္ဒပြမှု ပြန်လည်စတင်မည်ဟု ဆိုသည်။

အင်ဖားအကျဉ်းထောင်ထဲ အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသားများအား စစ်ကောင်စီလက်ထံ ပြန်မအပ်ရန်နှင့် အမြန်ဆုံးလွှတ်ပေးရန် ဇွန်လ ၁၆ ရက်နေ့ကစ၍ လူငယ် ၂၈ ဦးက ထောင်တွင်းအစာငတ်ခံဆန္ဒပြမှုစတင်ပြုလုပ်ခဲ့ကြ ပြီး ထောင်အာဏာပိုင်းများက အသံဗုံး၊ ရာဘကျဉ်ဆန်များဖြင့် ဖြိုးခွင်းခဲ့ပြီးနောက် တထောင်လုံးတွင်ရှိသော မြန်မာနိုင်ငံသား ၉၉ ယောက်စလုံးသည် ၎င်းတို့လွတ်မြောက်ရေးအတွက် အစာငတ်ခံဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အစာငတ်ခံဆန္ဒပြသူ ၉၉ ယောက်အနက် ၃၃ ယောက်သည် ဇွန်လ ၂၀ ရက်နေ့တွင် ရပ်နားခဲ့ကြပြီး ကျန် ၆၆ ယောက်မှာ ၎င်းတို့တောင်းဆိုချက်မရမချင်း ဆက်လက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ၆၆ ဦးထဲမှ အသက် ၅၀ နှင့် ၆၀ ကျော်အရွယ်ရှိ သောအမျိုးသား ၂ ဦးမှာ အင်အားချိနဲ့လာပြီး ကိုယ်လက်လှုပ်ရှားရန် ခက်ခဲလာသောကြောင့် ထောင်ဆေးရုံသို့ ဆေးဝါးကုသခဲ့ရသည်။

အစာငတ်ခံဆန္ဒပြမှုအတွင်း အကျဉ်းသားများသည် ထောင်အာဏာပိုင်များ၏ ပံ့ပိုးကူညီမှုအားလုံးကို ငြင်းပယ်ခဲ့ပြီး ထောင်ခြံမှ ဟင်းသီးဟင်းရွက်များကိုသာ စားသောက်နေခဲ့ရသည်ဟု သိရသည်။

ထို့ကြောင့် အကျဉ်းသားတချို့မှာ ကျန်းမာရေးချို့တဲ့မှုများရှိနေပြီး ပုံမှန်အခြေအနေသို့ပြန်ရောက်ရန် အာဟာရပြည့်ဝသောအစားအစာ လိုအပ်မည်ဖြစ်သည်ဟု India for Myanmar က ဆိုသည်။

မြန်မာအကျဉ်းသားများ၏ တောင်းဆိုချက်များအတွက် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက် အရေးပေါ် လိုအပ်နေခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အိန္ဒိယဗဟိုအစိုးရကို ဝိုင်းဝန်းဖိအားပေးကြရန် India For Myanmar က တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.