Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်ထောင်မှ ဖမ်းဆီးခံ မြန်မာအမျိုးသမီးနှင့် ကလေးငယ် ၂၇ ယောက် ပြန်လည်လွတ်မြောက်

မဏိပူရ်ထောင်မှ ဖမ်းဆီးခံ မြန်မာအမျိုးသမီးနှင့် ကလေးငယ် ၂၇ ယောက် ပြန်လည်လွတ်မြောက်

0
By Editor on March 24, 2025 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ရှိ ဆာဂျီဝါးအကျဥ်းထောင်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများထဲမှ အမျိုးသမီးနဲ့ကလေး ၂၇ယောက် ပြန်လည်လွတ်မြောက်လာကြောင်း India for Myanmar ထံမှ သိရသည်။

၂၀၂၂ ခုနှစ်ကတည်းက မဏိပူရ်ပြည်နယ်၊ လန်မ်ကားမြို့တွင် နိုင်ငံခြားသား၊ အထောက်အထားမဲ့ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးအကျဉ်းချခံခဲ့ရသော အမျိုးသမီး အယောက် ၂၀ နှင့် ကလေး ၇ ယောက်တို့သည် မတ်လ ၂၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ တောင်းဆိုချက်ကို တုန့်ပြန်ချက်တစ်ခုလည်း ဖြစ်တယ်။ ဒါတွေမကပါဘူး၊ အခု သူတို့လွှတ်ပေးထားတဲ့ အမျိုးသမီးနဲ့ ကလေး ၂၇ ဦးက လွှတ်ပေးသင့်တာကြာပြီ။ အဲတာတောင်မှ သူတို့လွှတ်သင့်တဲ့အချိန် မလွှတ်ဘဲနဲ့ အခုမှ လွှတ်ပေးတဲ့သဘောပါ။ နောက် ထောင်ထဲမှာ သေဆူံးမှုတွေလည်း ရှိလာတဲ့အခါမှာ သူတို့ ဖမ်းဆီးခံတဲ့သူတွေအပေါ်မှာ ပိုပြီးတော့မှ အလေးထားဆောင်ရွက်တဲ့ ပုံစံမျိုးဖြစ်ပါတယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

မကြသေးခင်ရက်ပိုင်းက မဏိပူရ်အကျဉ်းထောင်အတွင်း မြန်မာအမျိုးသား ဦးအောင်မြင့်၊ ရောဂါဖြင့် သေဆုံးခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ၎င်းဖြစ်ရပ်သည် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီဘဲ လူ့အခွင့်အရေးကို အကြီးအကျယ် ထိပါးနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံ မြန်မာနိုင်ငံသားများ အမြန်ဆုံးလွှတ်ပေးရန် မတ်လ ၂၀ ရက်နေ့တွင် India for Myanmar က မြန်မာအဖွဲ့အစည်းပေါင်း ၁၆၀ နှင့်အတူ အိန္ဒိယဗဟိုအစိုးရထံ တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

လွတ်မြောက်လာသူ မြန်မာနိုင်ငံသား ၂၇ ဦးသည် မကွေးနှင့် စစ်ကိုင်းတိုင်းထဲမှ ဗမာလူမျိုးနှင့် ချင်းလူမျိုးများဖြစ်ကြောင်း သိရပြီး အိန္ဒိယအစိုးရအနေဖြင့် မြန်မာဘက်ကို တတိယအကြိမ်မြောက် လွှဲပြောင်းပေးခြင်းဖြစ်သည်။

ယခင်က မဏိပူရ်ထောင်မှ လွတ်မြောက်လာသူများကို စစ်ကောင်စီက တမူးမြို့တွင်ထားရှိပြီး မိသားစုဝင်များ၏ အာမခံချက်ဖြင့် နေရပ်ပြန်နိုင်ခဲ့ကြသော်လည်း ယခု လွတ်မြောက်လာသော ၂၇ ဦးကို မည်သို့ အိမ်ပြန်ပို့မည်ကို မသိရ‌သေးပေ။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် စစ်ဘေးရှောင်များကို မဏိပူရအာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုဖြင့် ဖမ်းဆီးအကျဉ်းချခဲ့ပြီး လွှတ်ရက်စေ့ပြီဖြစ်သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိသည့်အပြင် ၎င်းတို့၏ အသက်အာမခံချက်မရှိဘဲ စစ်ကောင်စီထံ လွှဲပြောင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.