Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မဏိပူရ်ပြည်နယ်က သွေးချင်းညီကို ချင်း-ကူကီးအနွယ်၀င်များနှင့်အတူ ထပ်တူခံစားရပ်တည်ကြောင်း မီဇိုရမ်တပြည်နယ်လုံးတွင် ဆန္ဒဖော်ထုတ်ပြသ

မဏိပူရ်ပြည်နယ်က သွေးချင်းညီကို ချင်း-ကူကီးအနွယ်၀င်များနှင့်အတူ ထပ်တူခံစားရပ်တည်ကြောင်း မီဇိုရမ်တပြည်နယ်လုံးတွင် ဆန္ဒဖော်ထုတ်ပြသ

0
By Editor on July 26, 2023 Headline

(05MK)

မဏိပူရ်ပြည်နယ်တွင်း လူမျိုးရေးအဓိကရုဏ်းကြောင့် ဒုက္ခခံစားနေကြရသော ချင်း-ကူကီးအနွယ်၀င် လူနည်းစုတောင်တန်းများနှင့်အတူ ထပ်တူခံစားပြီး ၎င်းတို့နှင့်အတူ ရပ်တည်ကြောင်း မီဇိုရမ်ပြည်တစ်ပြည်နယ်လုံးတွင် ယနေ့ ဆန္ဒဖော်ထုတ်ပြသခဲ့ကြသည်။

အဆိုပါ ချီတက်ဆန္ဒဖော်ထုတ်မှုကို မီဇိုရမ်ပြည်နယ်က အင်အားကြီးသောအရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်သည့် Central Young Mizo Asso ciation (CYMA), Mizo Upa Pawl (MUP), Mizo Hmeichhia Insuihkhawm Pawl (MHIP), Mizo Zirlai Pawl (MZP), Mizo Student Union (MSU) စသည့် ၅ ဖွဲ့ဖြင့်စုဖွဲ့ထားသော NGO Co-ordination Committee က ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး အိုင်ဇောလ်မြို့အပြင် မီဇိုရမ်ပြည်တ၀န်းလုံးက မြို့ကြီးများတွင်လည်း သိန်းနှင့်ချီသော မီဇိုးပြည်သူများက ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ဆန္ဒဖော်ထုတ်မှုကို အဓိကဦးဆောင်သော Central Young Mizo Asso ciation (CYMA) ဉက္ကဌ R.Lalngheta က “မဏိပူရ်ပြည်နယ်က မိမိတို့ညီအကိုတွေရဲ့ ဒုက္ခခံစားမှုဟာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး မီဇိုးပြည်သူအားလုံးရဲ့ စိတ်နှလုံးလည်း နာကျင်ရခံစားရတယ်၊ မဏိပူရ်အစိုးရဟာ မိမိတို့ညီအကိုတွေရဲ့ လုံခြုံရေးကို မကာကွယ်နိုင်ဘူး၊ သူတို့ရဲ့ အိုးအိမ်တွေ၊ ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးခံရသလို သတ်ဖြတ်ခံရမှုတွေ၊ အမျိုးသမီးတွေအ၀တ်ဗလာ ကိုယ်လုံးတီးနဲ့ ဖမ်းဆီးခေါ်ဆောင် မုဒိမ်းကျင့်သတ်ဖြတ်မှုအထိ ကြုံရတဲ့အပေါ်မှာ မိမိတို့အနေနဲ့ ဘယ်လိုမှ နားလည်လက်ခံလို့မရဘူး” ဟု ပြောဆိုသည်။

“မဏိပူရ်မှာ ဖြစ်ပျက်နေတဲ့ဖြစ်စဉ်တွေဟာ မီဇိုးပြည်သူတွေက ဒီတိုင်းလက်ပိုက်ကြည့်မနေနိုင်ဘူး၊ ဒီပြသာနာကို အိန္ဒိယအစိုးရအနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းဖို့ အလေးအနက်တောင်းဆိုပါတယ်” ဟု R.Lalngheta က ပြောသည်။

မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့တွင် ယနေ့ပြုလုပ်သော လမ်းလျှောက်ချီတက်ဆန္ဒဖော်ထုတ်မှုကို မနက်ပိုင်း ၁၁ နာရီကစ၍ Chanmari လမ်းဆုံ နှင့် Kulikawn တို့မှ အဖွဲ့နှစ်ဖွဲ့ခွဲစတင်ခဲ့ကြပြီး မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်ယာ (RAJ BHAVAN) မြောက်ဘက် ဂိတ်ပေါက်၀အနီးတွင် ဆုံကြပြီးနောက် ဟောပြောပွဲများပြုလုပ်ကာ အဆုံးသတ်ခဲ့ကြသည်။

ယနေ့ဆန္ဒဖော်ထုတ်မှုတွင် မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ပူးဇိုးရမ်းထန်းငါ၊ လွှတ်တော်ဉက္ကဌအပါအ၀င် ၀န်ကြီးများ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီများအပါအ၀င် ပြည်သူ တစ်သိန်းကျော် ပူးပေါင်းပါ၀င်ခဲ့ကြသည်။

မဏိပူရ်ပြည်နယ်တွင် လူများစုဖြစ်သော ကသည်း (Meitei) လူမျိုးများသည် လူနည်းစုတောင်တန်းသားများအတွက် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားသော (Scheduled Tribe) မှာ ပါဝင်နိုင်ရန် ကာလကြာရှည်တောင်းဆိုလာခဲ့ရာမှ ယခုကဲ့သို့ ပဋိပက္ခများ စတင်လာခဲ့ခြင်းဖြစ်သည်။

ယင်းတောင်းဆိုမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မေလ ၃ ရက်နေ့က မဏိပူရ်ပြည်နယ် Churachanpur မြို့တွင် ချင်း-ကူကီးအနွယ်ဝင်တောင်တန်းသားများက စည်းလုံးညီညွတ်ရေးချီတက်ပွဲ “Solidarity March” ဆန္ဒပြပွဲပြုလုပ်ခဲ့ကြ သည့်အပြီးတွင် ကသည်းလူမျိုးနှင့် ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများအကြား ပဋိပက္ခများစတင်ဖြစ်ပွားလာခဲ့ ကြခြင်းဖြစ်သည်။

အဆိုပါအဓိကရုဏ်းအတွင်းမှာ ခရစ်ဘာသာဝင်များ၏ ဘုရာကျောင်း ၂၅၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီဟု Indigenous Tribal Leaders’ Forum (ITLF) က ပြောဆိုသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတွင် ကူကီး (ချင်း) အမျိုးသမီး ၂ ဉီးကို ကသည်းလူအုပ်ကြီးက ဖမ်းဆီးကာ အ၀တ်ဗလာ ကိုယ်လုံးတီးဖြင့် ဖမ်းဆီးခေါ်ဆောင်သည့် တုန်လှုပ်ချောက်ချားဖွယ်ရာရုပ်သံ ပြန့်နှံ့လာခဲ့သည်။

အိန္ဒိယသတင်းဌာနများ၏ ဖော်ပြချက်အရ ယင်းဖြစ်ရပ်သည် မဏိပူရ်ပြည်နယ်တွင် အဓိကရုဏ်း စတင်ဖြစ်ပွားခါက မေလ ၄ ရက်နေ့က မဏိပူရ်ပြည်နယ် Kangpokpi ခရိုင် B Phainom ကျေးရွာတွင် ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါအမျိုးသမီးတို့မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည်ဟု သိရသည်။

အဆိုပါရုပ်သံတွင် ကသည်းလူအုပ်ကြီးက အ၀တ်ဗလာ ကိုယ်လုံးတီးဖြင့် ကူကီး (ချင်း) အမျိုးသမီး ၂ ဉီးကို ဖမ်းဆီးခေါ်ဆောင်လာြပီးနောက် လယ်ကွင်းပြင်ထဲသို့ ခေါ်ဆောင်ကြသည်ကို တွေ့မြင်ရသည်။

ယင်းဖြစ်စဉ်ကို မဏိပူရ်ပြည်နယ်ရဲစခန်းတွင် အမှုတိုင်ချက်ဖွင့်ခဲ့သော်လည်း ၂ လကျော်လာသည်အထိ ဘာအရေးယူဆောင်ရွက်မှုမှ မရှိခဲ့ပေ။

ယခု လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အဆိုပါရုပ်သံ ထွက်ပေါ်လာမှ အလွန်တုန်လှုပ်ချောက်ချားဖွယ် အကျည်းတန်ဖြစ်ရပ်ဆိုးကြီးကို ကမ္ဘာက သိရှိလာခဲ့ရကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.