Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်ပြည်နယ်တွင် ခရစ်ယာန်သိက္ခာတော်ရ ပါစတာ ၃ ဦး ခြုံခိုတိုက်ခိုက်ခံရ၍ သေဆုံး

မဏိပူရ်ပြည်နယ်တွင် ခရစ်ယာန်သိက္ခာတော်ရ ပါစတာ ၃ ဦး ခြုံခိုတိုက်ခိုက်ခံရ၍ သေဆုံး

0
By Editor on May 13, 2026 Khonumthung

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်၊ ကန်ပေါ့ပီ (Kangpokpi) ခရိုင်တွင် ယနေ့နံနက်ပိုင်းက လက်နက်ကိုင် အဖွဲ့တစ်ခု၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ချင်းမျိုးနွယ် ကူကီး ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ၃ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရ ရှိခဲ့သည်။

မဏီပူရ်ပြည်နယ် ချူရာချန်ပူ (Churachandpur) မြို့က Thadou Baptist Association (TBA) နှင့် United Baptist Council (UBC) တို့မှ ဘာသာရေးခေါင်းဆောင်များသည် ဘာသာရေးအစည်းအဝေးတစ်ခုတက်ရောက်ရန် ကား ၂ စီး ဖြင့်သွားရောက်သည့်အချိန်မှာ ကန်ပေါ့ပီခရိုင်ထဲမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Times of India ကဖော်ပြသည်။

အဆိုပါကား ၂ စီးပေါ်တွင် TBA ဥက္ကဋ္ဌ Rev Vumthang Sitlhou အပါအဝင် ၇ ဦးလိုက်ပါလာပြီး ၃ ဦးမှာ နေရာမှာပင် သေဆုံးပြီး ၄ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သေဆုံးသူ ၃ ဦးမှာ သိက္ခာတော်ရဆရာ Rev. Vumthang Sitlhou၊ Rev Kaigoulun နှင့် Rev Paothang တို့ဖြစ်သည်။

ကူကီးလူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း (KOHUR) က အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ အပြင်းအထန်ရှုတ်ချပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ပစ်မှတ်ထားသည့် “ကြိုတင်ကြံစည်ထားသော လုပ်ရပ်” ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ယခုတိုက်ခိုက်မှုကို နာဂလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော NSCN-IM အဖွဲ့ဝင်များနှင့် ZUF အဖွဲ့တို့က ပူး ပေါင်းကြံစည်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

ယခု သေဆုံးသွားသော ဘာသာရေးခေါင်းဆောင်များသည် ချင်းအနွယ်ဝင် ကူကီး နှင့် နာဂ လူမျိုးစုများအကြား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသူများဖြစ်ပြီး မကြာသေးမီကလည်း နာဂလန်းပြည်နယ်တွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Source – Times of India

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.