Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မဏိပူရ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်တစ်ဦး ထောင်ထဲတွင် ရုတ်တရက်သေဆုံး

မဏိပူရ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်တစ်ဦး ထောင်ထဲတွင် ရုတ်တရက်သေဆုံး

0
By Editor on February 27, 2023 Headline

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲတွင် ဖမ်ဆီးထိန်းသိမ်းခံနေရသော မြန်မာစစ်ဘေးရှောင်တစ်ဦးမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ညက ရုတ်တရက် သေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ်ရှိ ဦး Lamkhochon Guite ဖြစ်ပြီး ၎င်းသည် တမူးမြို့နယ် ကွန်းတောင်းအုပ်စု၊ ဆရာစံကျေးရွာမှ မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ် လန်ကျန်ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်လာစဉ် ဖမ်းဆီးခံရ၍ အင်ဖားမြို့ Sajiwa ထောင်တွင် အခြားသော မြန်မာစစ်ဘေးရှောင် ၈၀ ကျော်နှင့်အတူ ထိန်းသိမ်းခံနေရသူဖြစ်သည်။

၎င်းသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့ည သန်းခေါင်ယံအချိန်တွင် ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု Burma Refugee Kabaw Valley မှ နာယက ဦးထန်ဆေးက ပြောသည်။

“နှလုံးရောဂါအခံရှိတာလား ဘာလားတော့ မသိဘူး၊ ရုတ်တရက်ကြီး အော်ပြီးတော့မှ လူးလိမ့်ပြီးတော့မှ၊ ကြည့်လိုက်တော့ နှလုံးရပ်သွားတယ်၊ ထိန်းသိမ်းရေးစခန်းမှာလည်း သိပ်အဆင်မပြေဘူး။ နေရေးထိုင်ရေးခက်ခဲတယ်။ နောက်ပြီးတော့မှ စားဝတ်နေရေး၊ အစားသောက်ကအစ အခက်ခဲတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိဘူး” ဟု ဦးထန်ဆေးက ပြောသည်။

ထို့အပြင် အသက် ၇၀ ကျော်အရွယ် အဘိုးအို ၃ ဦးတို့မှာလည်း ကျန်းမာရေးအခြေနေမကောင်းသောကြောင့် အင်ဖားဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုခံယူနေရသည်ဟု သိရသည်။

“အဲ့မှာ အသက်ကြီးတဲ့ ၇၀ ကျော်သုံးယောက်ကိုလည်းပဲ ဆေးရုံကို သွားပြီးတော့မှ ဆေးကုသဖို့ပို့လိုက်တယ်လို့ကြားတယ်၊ ဒါပေမယ့်လည်း ကောင်းကောင်းမွန်မွန်မကုပေးဘူး၊ အဲ့လိုနဲ့ ထိန်းသိမ်းရေးစခန်းကို ပြန်ပို့တယ်။ ဒီ မဏိပူရ်အစိုးရရဲ့ လုပ်ရပ်တွေက လူ့အခွင့်ရေး မတရား ထိခိုက်လွန်းအားကြီးပြီးတော့မှ၊ လူသားချင်း စာနာမှုကင်းမဲ့တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အခါကြတော့ ဒီဟာတွေ ဒီအတိုင်းဆက်ထားမယ်ဆိုလို့ရှိရင် ကျန်တဲ့လူတွေရဲ့ ကျန်းမှာရေးပါ စိုးရိမ်စရာရှိတယ်” ဟု ဦးထန်ဆေးက ပြောသည်။

မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃၉၃ ဦးရှိပြီး တစ်ဦးကို ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု ဆိုသည်။

ယခုလက်ရှိတွင် ၁၀၇ ဦးကို တရားရေးရာစစ်ဆေးမှုများပြုလုပ်ကာ ၁၀၅ ဦးကို ထိန်းသိမ်းရေးစင်တာများတွင် ထိန်းသိမ်းထားပြီး ၁၈၀ ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးပြီဖြစ်ကြောင်း မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် N Biren Singh က ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.