Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မဏိပူရ်အစိုးရက မြန်မာနိုင်ငံသား ၇ ဦးကို နေရပ်ပြန်ပို့ နောက်ထပ် ၇၀ ကျော်ကိုလည်း ထပ်မံပို့ဆောင်မည်ဟုဆို

မဏိပူရ်အစိုးရက မြန်မာနိုင်ငံသား ၇ ဦးကို နေရပ်ပြန်ပို့ နောက်ထပ် ၇၀ ကျော်ကိုလည်း ထပ်မံပို့ဆောင်မည်ဟုဆို

0
By Editor on March 9, 2024 Headline

(005MK)

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထိန်သိမ်းခံရသော မြန်မာနိုင်ငံသား ၇ ဦးကို မဏိပူရ် ပြည်နယ်အစိုးရက မတ်လ ၈ ရက်နေ့က နေရပ်သို့ပြန်လည်ပို့ဆောင်လိုက်ပြီး နောက်ထပ် ၇၇ ဦးကိုလည်း လာမည့် ရက်ပိုင်းအတွင်းထပ်မံပို့ဆောင်မည်ဟု Indianexpress သတင်းဌာနက ဖော်ပြသည်။

“အိန္ဒိယကိုတရားမ၀င်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ပထမအသုတ်ကို ဒီနေ့ ပြည်နှင်ဒဏ်ပေးတယ်။ အိန္ဒိယသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းမရှိသော်လည်း မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်ဖြင့် အကျပ် အတည်းမှ ထွက်ပြေးလာသူများကို စနစ်တကျ ချဉ်းကပ်မှုဖြင့် ခိုလှုံခွင့် ပေးထားကြောင်း” မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N Biren Singh ကသူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ယမန်နေ့ကရေးသားထားသည်။

မဏိပူရအစိုးရအနေဖြင့် နောက်ထပ်မြန်မာနိုင်ငံသား ၇၇ ဦးကို အင်ဖာမြို့မှ နယ်စပ်မြို့ မိုရေးမြို့သို့ ပို့ဆောင်ကာ ထိုမှတဆင့် တမူးမြို့သို့ နေရပ်ပြန်ပို့ရေး ယခုသီတင်းပတ်အစောပိုင်းမှာ အမိန့်ထုတ်ပြန်ခဲ့သည်ဟု Indianexpress က ဆိုသည်။

အဆိုပါ လူ ၇၇ ဦးတွင် အမျိုးသမီး ၅၁ ဦးနှင့် ကလေးငါးဦးပါဝင်ပြီး ၎င်းတို့အားလုံးကို မတ်လ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နှင်ဒဏ်ပေး နေရပ်ပြန်ပို့မည်ဟု သိရသည်။

မကြာသေးမီက ပြီးဆုံးခဲ့သော မဏိပူရ်ပြည်နယ်လွှတ်တော် ဘတ်ဂျက်အစည်းအဝေးတွင် မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၆၇၄၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ယင်းတို့အနက် ၂၅၉ ဦးကို ဇီ၀ဗေဒဆိုင်ရာ အသေးစိတ်အချက် အလက်များမှတ်တမ်းတင်ပြီးနောက် နေရပ်ပြန်လည်ပို့ဆောင်ခဲ့သည်ဟု မဏိပူရ်၀န်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း Indianexpress က ဖော်ပြထားသည်။

ပုံစာ – (အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီးတချို့အား လုံခြုံရေးကားများနှင့် လေဆိပ်ပို့ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.