Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မဏိပူရ်အစိုးရက မြန်မာနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်ကီလိုမီတာ ၇၀ ကို ခြံစည်းရိုးခတ်ရန် စီစဉ်

မဏိပူရ်အစိုးရက မြန်မာနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်ကီလိုမီတာ ၇၀ ကို ခြံစည်းရိုးခတ်ရန် စီစဉ်

0
By Editor on September 26, 2023 Headline

(005MK)

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရက မြန်မာနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက် ကီလိုမီတာ ၇၀ ကို ခြံစည်းရိုးခတ်ရန် စီစဉ်နေသည်ဟု သိရသည်။ 

မဏိပူရ်ပြည်နယ်၀န်ကြီးချုပ် N Biren Singh သည် အိန္ဒိယ-မြန်မာနယ်စပ် ကီလိုမီတာ ၇၀ ခြံစည်းရိုးခတ်ရန် အစီအစဉ်ကို နယ်စပ်လမ်းများအဖွဲ့ Border Roads Organization (BRO)၊ ပြည်နယ်၏ အခြားအကြီးတန်းအရာရှိများနှင့် စက်တင် ဘာလ ၂၄ ရက် တနင်္ဂနွေနေ့က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်ဟု The Hindustan Times သတင်းဌာနက ဖော်ပြသည်။ 

ယင်းတွေ့ဆုံမှုသည် နယ်စပ်တစ်ဖက်စီတွင်နေထိုင်ကြသော ပြည်သူများအား တစ်ဖက်နိုင်ငံအတွင်း ၁၆ ကီလိုမီတာအထိ သွားလာခွင့်ပြုသည့် (Free Movement Regime) လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို ‘အမြဲတမ်းပိတ်ထားရန်’ ဗဟို အစိုးရကိုတိုက်တွန်းပြီး နောက် တစ်ရက်တွင် အဆိုပါ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ရန်စီစဉ်ခြင်းသည် နယ်စပ်ဖြတ်ကျော် တရားမဝင် ၀င်ရောက်လာမှုနှင့် မူးယစ် ဆေးဝါး မှောင်ခိုကူးမှုအား တားဆီးထိန်းချုပ်နိုင်ရန်ဖြစ်သည်ဟု မဏိပူရ်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

“BRO က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အင်ဒို-မြန်မာ နယ်စပ်တလျှောက် နောက်ထပ် ကီလိုမီတာ ၇၀ ခြံစည်းရိုး ကာရံဖို့ အစီအစဉ်ကို ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်၊ DGP နဲ့ ပြည်ထဲရေးဌာနက တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါ တယ်။ တစ်ဖက်နိုင်ငံမှ တရားမဝင် မှောင်ခိုကူးသန်းမှုများနှင့် မူးယစ်ဆေးဝါး မှောင်ခိုဝင်ရောက်မှု တိုးလာခြင်းကြောင့် ကျွန်ုပ်တို့၏ နယ်နိမိတ်များကို ကာကွယ်ခြင်းသည် အရေးတကြီး မရှိမဖြစ် လိုအပ်လာပါသည်” ဟု မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singh ကပြောဆိုကြောင်း သတင်းစာကဆိုသည်။ 

မဏိပူရ်ပြည်နယ်တွင် ယခုနှစ်မေလ ၃ ရက်နေ့ကစ၍ လူများစုကသည်းလူမျိုးနှင့် လူနည်းစု ကူကီး(ချင်း) အနွယ်တောင် တန်းသားများကြား လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားနေဆဲဖြစ်သည်။ ယင်းအဓိကရုဏ်းသည် မဏိပူရ်ပြည်နယ်သို့ မြန်မာ နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာကြသူများကြောင့်ဟု အိန္ဒိယ ပြည်ထဲရေး၀န်ကြီးနှင့် မဏိပူရ်ပြည် နယ်၀န်ကြီး ချုပ်တို့က စွပ်စွဲပြောဆိုခဲ့ကြသည်။ 

ယင်းကိစ္စကြောင့် မြန်မာနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးများခတ်ကာ မြန်မာဘက်က တရားမ၀င် ၀င်ရောက်မှုကို တားဆီးထိန်းချုပ်ရန် မဏိပူရ်အစိုးရကစီစဉ်လာခြင်းဖြစ်သည်။ 

အိန္ဒိယနှင့် မြန်မာနိုင်ငံသည် ကီလိုမီတာ ၁၆၀၀ ခန့် နယ်နိမိတ်ချင်းထိစပ်နေပြီး မဏိပူရ်ပြည်နယ်နှင့် ကီလိုမီတာ လေးရာခန့် ထိစပ်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.