Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတရားဖမ်းဆီးခံရသော ခရစ်ယာန်သာသနာ့ဝန်ဆောင်ဆရာတော်နှစ်ပါးကို အပြန်ဆုံးလွတ်ပေးရန် ICNCC တောင်းဆို

မတရားဖမ်းဆီးခံရသော ခရစ်ယာန်သာသနာ့ဝန်ဆောင်ဆရာတော်နှစ်ပါးကို အပြန်ဆုံးလွတ်ပေးရန် ICNCC တောင်းဆို

0
By Editor on December 24, 2022 Headline

စစ်ကောင်စီတပ်ဖွဲ့မှ မတရားဖမ်းဆီးထားသော ချင်းနှင့်ကချင် နှစ်ခြင်းအသင်းတော်မှာ ခရစ်ယာန်သာသနာ့ဝန်ဆောင် သက္ခာတော်ရဆရာတော်နှစ်ပါးကို အမြန်ဆုံးပြန်လွတ်ပေးရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီဇင်ဘာလ ၂၂ က ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။

ဒီဇင်ဘာလ ၅ ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌဟောာင်းဖြစ်သူ သိက္ခာတော်ရဆရာကြီး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မတရားဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ICNCC က ဆိုသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်

အလားတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့က ဖမ်းဆီးခံရသော မန္တလေး ဖလမ်းနှစ်ခြင်းအသင်းတော်၏ သင်းအုပ်ဆရာဖြစ်သူ သိက္ခာတော်ရဆရာ သျှန်းလျန်ဆန်းကို စစ်ကောင်စီတရားရုံးက ဒီဇင်ဘာလ ၇ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် စုစုပေါင်း (၂၃) နှစ် ချမှတ်ခဲ့သည်။

အဖိနှိပ်ခံပြည်သူများနှင့် အတူရပ်တည်ပြီး စစ်ကောင်စီအား ထောက်ခံခြင်းမပြုသော ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များအား မတရားဖမ်းဆီးခြင်း၊ ရရာပုဒ်မဖြင့် မဟုတ်မမှန်တရားစွဲဆို၍ ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ တရားရုံးက ပြစ်ဒဏ်ချမှတ်နေခြင်းတို့မှာ ခရစ်ယာန်အသင်းတော်များအား ဖိနှိပ်ချုပ်ချယ်ရန် ကြိုးစားနေသည့် အကြမ်းဖက်မှုပင်ဖြစ်သည်ဟု ICNCC က ဆိုသည်။

ယခုကဲ့သို့ ဖိနှိပ်ခံပြည်သူများနှင့်အတူရပ်တည်ပြီး စစ်မှန်သော ခရစ်ယာန်ခေါင်းဆောင်မှုကို ပြသကြသည့် ခရစ်ယာန်သာသနာ့ဝန်ဆောင် ဆရာတော်များအား မတရားဖမ်းဆီးခြင်း၊ အကျဉ်းချခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း၊ စစ်ကောင်စီအနေဖြင့် ယင်းဆရာတော်များအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က အလေးနက် တောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.