Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတရားဖမ်းဆီးခံရသော ခရစ်ယာန်သာသနာ့ဝန်ဆောင်ဆရာတော်နှစ်ပါးကို အပြန်ဆုံးလွတ်ပေးရန် ICNCC တောင်းဆို

မတရားဖမ်းဆီးခံရသော ခရစ်ယာန်သာသနာ့ဝန်ဆောင်ဆရာတော်နှစ်ပါးကို အပြန်ဆုံးလွတ်ပေးရန် ICNCC တောင်းဆို

0
By Editor on December 24, 2022 Headline

စစ်ကောင်စီတပ်ဖွဲ့မှ မတရားဖမ်းဆီးထားသော ချင်းနှင့်ကချင် နှစ်ခြင်းအသင်းတော်မှာ ခရစ်ယာန်သာသနာ့ဝန်ဆောင် သက္ခာတော်ရဆရာတော်နှစ်ပါးကို အမြန်ဆုံးပြန်လွတ်ပေးရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီဇင်ဘာလ ၂၂ က ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။

ဒီဇင်ဘာလ ၅ ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌဟောာင်းဖြစ်သူ သိက္ခာတော်ရဆရာကြီး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မတရားဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ICNCC က ဆိုသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်

အလားတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့က ဖမ်းဆီးခံရသော မန္တလေး ဖလမ်းနှစ်ခြင်းအသင်းတော်၏ သင်းအုပ်ဆရာဖြစ်သူ သိက္ခာတော်ရဆရာ သျှန်းလျန်ဆန်းကို စစ်ကောင်စီတရားရုံးက ဒီဇင်ဘာလ ၇ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် စုစုပေါင်း (၂၃) နှစ် ချမှတ်ခဲ့သည်။

အဖိနှိပ်ခံပြည်သူများနှင့် အတူရပ်တည်ပြီး စစ်ကောင်စီအား ထောက်ခံခြင်းမပြုသော ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များအား မတရားဖမ်းဆီးခြင်း၊ ရရာပုဒ်မဖြင့် မဟုတ်မမှန်တရားစွဲဆို၍ ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ တရားရုံးက ပြစ်ဒဏ်ချမှတ်နေခြင်းတို့မှာ ခရစ်ယာန်အသင်းတော်များအား ဖိနှိပ်ချုပ်ချယ်ရန် ကြိုးစားနေသည့် အကြမ်းဖက်မှုပင်ဖြစ်သည်ဟု ICNCC က ဆိုသည်။

ယခုကဲ့သို့ ဖိနှိပ်ခံပြည်သူများနှင့်အတူရပ်တည်ပြီး စစ်မှန်သော ခရစ်ယာန်ခေါင်းဆောင်မှုကို ပြသကြသည့် ခရစ်ယာန်သာသနာ့ဝန်ဆောင် ဆရာတော်များအား မတရားဖမ်းဆီးခြင်း၊ အကျဉ်းချခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း၊ စစ်ကောင်စီအနေဖြင့် ယင်းဆရာတော်များအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က အလေးနက် တောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.