Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီခရိုင်ရုံးကို အစိုးရသတ်မှတ်သည့် ဖနိုင်-ငလိုင်ဘက်တွင် စတင်တည်ဆောက်ရန် ပန္နက်ရိုက်

မတူပီခရိုင်ရုံးကို အစိုးရသတ်မှတ်သည့် ဖနိုင်-ငလိုင်ဘက်တွင် စတင်တည်ဆောက်ရန် ပန္နက်ရိုက်

0
By Editor on August 6, 2019 Headline

မတူပီခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို အစိုးရသတ်မှတ်ထားသည့် ဖနိုင်-ငလိုင်ကျေးရွာကြား မတူပီ – ဟားခါးလမ်း မိုင်တိုင် (၁၆၆/၁) အနီးတွင်တည်ဆောက်ရန် ယနေ့နံနက်ပိုင်းက ပန္နက်ရိုက်အခမ်းအနားပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ချင်းပြည်နယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်အဆောက်အဦဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ဆွေ ၊ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ မတူပီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းနှင့် မြို့မိမြို့ဖ ဥက္ကဌ ဦးထန်ကျင်းတို့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆောက်အဦဆောက်လုပ်ရန် ပန္နက်ရိုက်ခဲ့ကြခြင်းဖြစ်သည်။

ပတူပီမြို့နယ်သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက ခရိုင်အဖြစ်တိုးမြင့်ခံရပြီးဖြစ်သော်လည်း ခရိုင်ရုံးတည်ဆောက် မည့် နေရာအငြင်းပွားမှုဖြစ်ပွားနေခြင်းကြောင့် ယနေ့ချိန်ထိ ခရိုင်ရုံး အဆောက်အဦးကိုမတည်ဆောက်နိုင်ကြသေးခြင်းဖြစ်သည်။

မတူပီမြို့ဒေသခံပြည်သူများက ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ယခုမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးရုံးတည်နေရာတွင် တည်ဆောက်လိုကြပြီး ချင်းပြည်နယ်အစိုးရကတော့ မတူပီမြို့နှင့် ၈ မိုင်ခန့်ဝေးသော ဖနိုင်- ငလိုင်ကျေးရွာဘက်တွင် တည်ဆောက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စကြောင့် ထောင်နှင့်ချီသော မတူပီဒေသခံပြည်သူများက မတူပီမြို့တွင် ၂ ကြိမ်၊ ရန်ကုန်မြို့တွင် ၁ ကြိမ် ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီးဖြစ်သည်။

မတူပီခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ကျပ်ငွေသန်း (၁၇၀၀) ဖြင့် အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၀) က တာဝန်ယူတည်ဆောက်သွားမည်ဖြစ်သည်။ (ဓာတ်ပုံ- မတူပီ ပြန်/ဆက်)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်မှာ မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီး နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူပြီး၊ ဧပြီလဆန်းပိုင်းမှာ စစ်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု ဆို

ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.