Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီခရိုင်ရုံးတည်ဆောက်မည့် မြေနေရာကိစ္စ တတိယအကြိမ် ဆန္ဒဖော်ထုတ်

မတူပီခရိုင်ရုံးတည်ဆောက်မည့် မြေနေရာကိစ္စ တတိယအကြိမ် ဆန္ဒဖော်ထုတ်

0
By Editor on June 10, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ်၊ မတူပီခရိုင်ရုံး၊ အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်မည့်မြေနေရာကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် တတိယအကြိမ်ဆန္ဒဖော်ထုတ်မှုကို မတူပီမြို့ရှိ ကျောင်းသားဖွဲ့အစည်းနှင့် ဒေသခံလူငယ်များက ဦးဆောင်၍ ယနေ့မနက် (၁၀) က ပြုလုပ်ခဲ့ကြသည်။

မတူပီခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဒေသခံပြည်သူများတောင်းဆိုသည့် မြို့တွင်း စည်ပင်ဧရိယာအတွင်း မတည်ဆောက်ဘဲ မြို့နှင့် ၉ မိုင်ခန့်အကွာ ဖနိုင်-ငလိုင်ကျေးရွာဘက်တွင် တည်ဆောက်ရန် အစိုးရက အတည်ပြုလိုက်သည့်အတွက် ယင်းကိစ္စကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သည့် ဆလိုင်းဗျက်ထန်းလျန်ကပြောသည်။

“အဓိကတော့ ခရိုင်ရုံးအုပ်ချုပ်ရေးမှူးရုံးမြေနေရာကို ဘယ်လိုနေနေ ကျွန်တော်တို့ မတူပီမြို့မှာရရှိတဲ့အတွက် မတူပီမြို့စည်ပင်နယ်နိမိတ်အတွင်းမှာတည်ဆောက်ပြီးရန် သတ်မှတ်ပေးရန်အတွက် ကျွန်တော်တို့တောင်းဆိုတာဖြစ်တယ် ကျွန်တော်တို့ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘယ်လိုနေနေ ဒီခရိုင်ရုံးကို မတူပီခွဲတန်းအနေနှင့် ရရှိထားတာဖြစ်တဲ့အတွက် မတူပီမြို့ စည်ပင်ဧရိယာဝန်းထဲကိုတည်ဆောက်ပြီးရင် ကျွန်တော်တို့ ကျေနပ်ပြီ အဲအတွက် မြေနေရာတွေအများကြီးရှိခဲ့တယ် လျာထားခဲ့တယ် လက်ရှိထွေအုပ်ရုံးမှာလည်း မြေနေရာတွေအများကြီးရှိတယ် ဒီနေရာတွေလည်း ပူးတွဲဆောက်စေချင်တယ်” ဟု ဆလိုင်းဗျက်ထန်းလျန် ကပြောသည်။

မတူပီခရိုင်ရုံးတည်ဆောက်မည့် မြေနေရာနှင့်ပတ်သက်၍ ယခင်ကလည်း မတူပီမြို့မိမြိုဖများက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။ သို့သော်လည်း ထူးခြားမှုရှိမလာသည့်အတွက် ယနေ့တွင် တတိယအကြိမ်ဆန္ဒဖော်ထုတ်မှုကို ကျောင်းသားလူငယ်များက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ဒေသခံပြည်သူများ၏ သဘောဆန္ဒကို အလေးမထားဘဲ ခရိုင်ရုံးကို အစိုးရစီစဉ်သည့်နေရာတွင် ဆက်လက်တည် ဆောက်မည်ဆိုပါက မတူလူမျိုးများနေထိုင်ရာအရပ်ရပ်၌ ကန့်ကွက်ဆန္ဒထုတ်ဖော်သွားမည်ဟု ဆလိုင်းဗျက်ထန်းလျ န်ကပြောသည်။

“ကျနော်တို့ သူတို့ အဲဒီဖက်မှာက အတင်းလုပ်နေမယ်ဆိုရင် ရန်ကုန်မြို့ကြီးအပြင် ကျနော်တို့မတူလူမျိုးတွေနေထိုင်တဲ့ နိုင်ငံအရပ်ရပ် အတိုင်းတိုင်းမှာ ကျနော်တို့ ဒီအခုလိုဆန္ဒပြပွဲတွေကို အားလုံးကျင်းပခိုင်းဖို့လုပ်ဆောင်သွားမှာဖြစ်တယ်၊ ကျနော်တို့လိုချင်တဲ့ဆန္ဒအတိုင်းမရဘူးဆိုရင် နောက်ထပ်နောက်ထပ်ဖော်ထုတ်သွားဖို့ရှိတယ်” ဟု ဆလိုင်းဗျက်ထန်း လျန်ကပြောသည်။

မတူပီခရိုင်ရုံးကို ဖနိုင်-ငလိုင်ဘက်တွင်တည်ဆောက်ရန် ရွေးချယ်လိုက်ခြင်းသည် မတူပီလူထုဆန္ဒကို မလေးစားခြင်းမဟုတ်ကြောင်း၊ ပညာရှင်များ၏ ကွင်းဆင်းလေ့လာချက်အရ အသင့်တော်ဆုံးနေရာဖြစ်ကြောင်း အစိုးရ၏ စီမံခန့်ခွဲမှုကို လိုက်လံကန့်ကွက်နေမည်ဆိုပါက မတူပီအတွက် နစ်နာမှုရှိနိုင်ကြောင်း ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးထက်က ပြောဆိုခဲ့ပြီးဖြစ်သည်။

ယနေ့ပြုလုပ်သော ဆန္ဒထုတ်ဖော်မှုတွင် မတူပီမြို့ရှိကျောင်းသားလူငယ်နှင့် ဒေသခံပြည်သူ (၈၀၀) ခန့် ပါဝင်ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.