Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့က ဗိုလ်မှုးအသတ်ခံရမှုကြောင့် ဖမ်းဆီးခံရသော ပြည်သူ (၆) ဦးအနက် နှစ်ဦးပြန်လွတ်လာ

မတူပီမြို့က ဗိုလ်မှုးအသတ်ခံရမှုကြောင့် ဖမ်းဆီးခံရသော ပြည်သူ (၆) ဦးအနက် နှစ်ဦးပြန်လွတ်လာ

0
By Editor on July 20, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ အခြေစိုက် ခလရ (၁၄၀) မှ ဗိုလ်မှုးသန်းနိုင်ဝင်းအသတ်ခံရမှုနှင့်ပတ်သက်၍ စစ် ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ပြည်သူ ၆ ဦးအနက် ၂ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဟုသိရသည်။

မတူပီမြို့အတွင်းရှိ တပ်တွင်း CDM ပြုလုပ်လိုသူများနှင့် မတူပီမြို့နယ်အတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို အထူးစောင့်ကြည့်ထုတ်ဖော်နေသည့် ဗိုမှူးသန်းနိုင်ဝင်းကို ဇူလိုင်လ ၁၅ ရက်နေ့က CDF-Matupi တပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်ပွားသည့် အနီးနာတွင်နေထိုင်သော ဒေသခံရွာသား ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သန်းနိုင်ဝင်းရဲ့ အသတ်ခံတဲ့အနီးအနားမှာရှိတဲ့ လူပဲဖမ်းတယ်။ အဓိက မင်္သကာလို့ဖမ်းတာပေါ့။ သူတို့ ၆ ဦးအနက်မှာ နှစ်ဦးကတော့မေးမြန်းပြီးတော့ ပြန်လွတ်လာတယ်လို့ပြောတယ်။ အခုလေးဦးကတော့ မလွတ်သေးဘူး သူတို့ကိုအခု လောလောဆယ် တပ်တွင်းမှာထားတယ်လို့ သတင်းရထားတယ်။ ပြီးတော့ နောက်ဆက်တွဲ အခု သူတို့နဲ့ပက်သက်လာတဲ့ လူတွေလည်း စစ်တပ်က စုံစမ်းနေတုန်း။” ဟု CDF- Matupi မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဗျူဟာထောက်လှန်းရေးတစ်ဦးလည်းဖြစ်သော ဗိုလ်မှူးသန်းနိုင်ဝင်း၏ သတင်းပေးမှုကြောင့် CDM ပြုလုပ်ရန်ကြံစည်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦး သတ်ဖြတ်ခံရပြီး (၄) ဦးထောင်သွင်းအကျဉ်းချခံရသည့်အပြင် ဇွန်လ ၂၅ ရက်နေ့က မတူပီမြို့နေ အမျိုးသမီးတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ဖူးသူလည်းဖြစ်သည်ဟု CDF-Matupi က ထုတ်ပြန်ထားသည်။

ထို့ကြောင့် CDF-Matupi တပ်ဖွဲ့က ဗိုလ်မှူးသန်းနိုင်ဝင်းကို မတူပီမြို့အပြင်ဘက်ကို မျှားခေါ်ခဲ့ပြီးနောက် ဇူလိုင် ၁၅ ရက်နေ့က ရှင်းလင်းသုတ်သင်ခဲ့ကြသည်ဟု CDF-Matupi မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရသူများမှာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖြစ်ကြပြီး စစ်ကောင်စီမှ ပြန်လွတ်ပေးသော နှစ်ဦးမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.