Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့စစ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်ဗျူဟာမှူးများ အပါအဝင် အရာရှိ ၁၀ ဦးနှင့် စစ်သား ၁၀၀ ကျော် ဖမ်းဆီးရမိ

မတူပီမြို့စစ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်ဗျူဟာမှူးများ အပါအဝင် အရာရှိ ၁၀ ဦးနှင့် စစ်သား ၁၀၀ ကျော် ဖမ်းဆီးရမိ

0
By Editor on July 29, 2024 Headline

– တောတောင်ထဲ ၁ လခန့် ထွက်ပြေးနေစဉ် လသားကလေးငယ်နှင့် သက်ကြီးရွယ်အိုအပါအဝင် ၅၀ ကျော် သေဆုံး

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း တောတောင်များထဲ ထွက်ပြေးနေသည့် စစ်ကောင်စီ ဗျူဟာမှူးများအပါအဝင် အရာရှိ ၁၀ ဦးကျော်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မတူပီမြို့ရှိ ခမရ – ၃၀၄၊ ခလရ – ၁၄၀ နှင့် မတူပီအခြေချ စစ်ဗျူဟာတို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ များက ထိုးစစ်ဆင်တိုက်ခိုက်ရာ ဇွန်လ ၂၉ ရက်က အပြီးသတ်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ Non- CDM များ ရာချီသည် တောတောင်ထဲသို့ ထွက်ပြေးသွားခဲ့ကြသည်။

ထိုကဲ့သို့ တောတောင်ထဲထွက်ပြေးသွားကြသော စစ်ကောင်စီတပ်သားနှင့် တပ်မိသားစုဝင်၊ Non-CDM များအပါအဝင် စုစုပေါင်း အယောက် ၂၀၀ ကျော်ကို ဇူလိုင်လ တတိယပတ်နှင့် နောက်ဆုံးပတ်တွင် အသုတ်လိုက်ဖြင့် ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ဒီ ၂၀၀ ကျော် ဆိုတာက အားလုံးကို ခြုံပြီးပြောတာပါ။ စစ်သားတွေလည်း ပါဝင်သလို၊ သူတို့ မိသားစုဝင်တွေလည်း ပါပါတယ်။ လက်နက်ကိုင်သီးသန့်ကိုပဲ ဖမ်းမိတာက အဲဒီ ၂၀၀ ကျော်ထဲက တစ်ဝက်လောက်ပဲပေါ့နော်။ ကျန်တစ်ဝက်က စစ်သားတွေရဲ့ မိသားစုဝင်တွေ၊ ပြီးတော့ Non – CDM တွေက ဒီတိုက်ပွဲဖြစ်တာနဲ့ ဒီစစ်ခွေး (စစ်ကောင်စီ) ထံကို သွားရောက်ခိုလှုံကြသူတွေ ဖြစ်ပါတယ်” ဟု CDF–Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ခံ ကိုဘွေအုပ်က ပြောသည်။

ဇူလိုင်လ ၁၇ ရက်တွင် မတူပီမြို့ စစ်ကောင်စီစခန်းများမှ စခန်းစွန့်ခွာ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ၊ တပ်မိသား စုဝင်များနှင့် အရပ်ဖက်ဝန်ထမ်းများ စုစုပေါင်း ၁၂၀ ခန့်ကို ပထမသုတ်အဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၅ ရက်တွင်လည်း တောတောင်များထဲ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများ၊ တပ်မိသားစုဝင်များပါဝင်သော စစ်ကြောင်းနှင့် ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒုတိယသုတ်အဖြင့် စစ်သုံ့ပန်းအုပ်စုဝင် ၁၀၀ ကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ချင်းညီနောင်ထံမှ သိရသည်။

မတူပီမြို့စစ်ကောင်စီစခန်း ၃ ခုမှ ဗျူဟာမှူးများအပါအဝင် အရာရှိ ၁၀ ဦးကျော်ကိုလည်း တောတောင်များအတွင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိထားပြီး ၎င်းတို့ကို သီးသန့်သတင်းထုတ်ပြန်ရန်ရှိကြောင်း ကိုဘွေအုပ်က ပြောသည်။

ဇွန်လကုန်မှ ဇူလိုင်လကုန်ပိုင်းအထိ တစ်လနီးပါးအကြာ ချင်းတောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ Non- CDM များထွက်ပြေးနေခဲ့ရာ ယင်းကာလအတွင်း လသားအရွယ်ကလေးငယ်၊ သက်ကြီးရွယ်အိုများအပါအဝင် ၅၀ ဦးခန့်သည် အစာရေစာငတ်ပြတ်မှု၊ ဆေးဝါးမရရှိမှုတို့ကြောင်း သေဆုံးခဲ့ရကြောင်း သိရသည်။

“တောထဲမှာ သေဆုံးသွားကြတာက ၅၀ ကျော်လောက်ရှိတယ်။ ကလေးတွေလည်းပါတယ်။ လသားအရွယ်ကလေးတွေ လည်းပါတယ်။ ကလေးတွေဆိုရင် ပိုဆိုးတာပေါ့။ ကျန်းမာရေးကလည်း ဘာမှ ခုခံအားကလည်း မကောင်းသေးဘူးဆိုတော့ အများကြီး။ အသက်ကြီးတဲ့ လူတွေလည်း ပါသလို၊ လသားအရွယ်ကလေးတွေလည်း ပါတယ်။ စစ်မှုထမ်းတွေ၊ ရဲတွေလည်း အများကြီးပါပါတယ်” ကိုဘွေအုပ်က ပြောသည်။

ပထမအသုတ် ဖမ်းဆီးရမိမှုတွင် လက်နက်ခဲယမ်းများ ၁၀၀ ခန့် ရရှိခဲ့ပြီး ဒုတိယအသုတ် ဖမ်းဆီးရမိမှုတွင် လက်နက်ခဲယမ်း ၁၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို ချင်းညီနောင်အဖွဲ့က ၎င်းတို့ထံတွင်ရှိသော ရှားပါးနေသည့် ဆေးဝါးများဖြင့် ကုသပေးထားပြီး ကျွေးမွေးစောင့်ရှောက်ပေးထားကြောင်း သိရသည်။

သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိပါကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.