Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် ခရစ်ယာန်အမူတော်ဆောင်တစ်ဦး အပါအဝင် လူငယ် (၄) ဦးကို စစ်တပ်မှဖမ်းဆီးပြီး ယခုအချိန်ထိ ပြန်မလွှတ်ပေးသေး

မတူပီမြို့တွင် ခရစ်ယာန်အမူတော်ဆောင်တစ်ဦး အပါအဝင် လူငယ် (၄) ဦးကို စစ်တပ်မှဖမ်းဆီးပြီး ယခုအချိန်ထိ ပြန်မလွှတ်ပေးသေး

0
By Editor on March 11, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် မတ်လ (၁၀) ရက် နေ့ညပိုင်း (၉) နာရီအချိန်က ခရစ်ယာန်အမှုတော် ဆောင်တစ်ဦီး အပါအဝင် လူငယ်(၄) ဦးကို စစ်တပ်မှ ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်းသိရသည်။
မတူပီမြို့မှ လူငယ်တစ်ဦးက “ မနေ့ညက လမ်းသွားလမ်းလာသူတွေကို ပိတ်ပြီးတော့ဖမ်းတာ လူငယ် ပါစတာအပါအဝင် (၄) ယောက်ပေါ့၊ ဖမ်းတော့ ရဲစခန်းမှာ ရဲအင်အားသိပ်မရှိတော့ ဗျုဟာကိုတန်းပါသွားတာပေါ့၊ မပါသွွားခင်မှာလည်းထိုးတယ်၊ ကြိတ်တယ် ရိုက်််နှက်တယ်၊ မနေ့ညကတော့ ကျွန်တော်တို့ ရဲစခန်းထိ သွားပြီးတောင်းတော့လည်းမရှိဘူး၊ ဗျုဟာကလည်းညကြီးဆိုတော့ မလုံခြုံတော့မသွားကြဘူး၊ ဒီမနက်ကို အမျိုးသမီးအဖွဲ့စည်းရော မြို့မိ၊ မြို့ဖရော သွားတောင်းမယ်လို့ပြောတယ်” ဟု ပြောသည်။
မတူပီမြို့မှ ဖမ်းဆီးခံရသူမှာ ကိုစိုင်းနောလာ၊ ဆရာဗျက်ထန်၊ အားငွန်း၊ ဆန်းဒေးဗစ် တို့ဖြစ်ကြပြီး အ သက် ၂၀ နှစ်မှ ၃၅ နှစ်အရွယ်လူငယ်များဖြစ်ကြကာ မိသားစုကိစ္စဖြင့် အပြင်ထွက်သွားလာချိန်တွင် စစ်သားများမှ စန်ဘောင်လမ်းဆုံတွင် တားဆီးပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နေ့ နေ့လည်ပိုင်းတွင်လည်း စစ်သားများက သပိတ်တွင်ပါဝင်သည်ဟု သံသယရှိသော လူတစ်ဦး၏ အိမ်ကို အိမ်တံခါးသော့ပျက်စီးပြီး ဝင်ရောက်ရှာဖွေသော်လည်း မတွေ့သဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် သပိတ်တွင် အသုံးပြုသော မိတ္တူနှင့်ဗီနိုင်းများ ထုတ်ပေးသည်ဟု ယူဆသည့် မိတ္တူဆိုင်များကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြောင်းသိရသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္၊ မတူပီျမဳိ႕တြင္ မတ္လ (၁၀) ရက္ ေန႔ညပုိင္း (၉) နာရီအခ်ိန္က ခရစ္ယာန္အမႈေတာ္ ေဆာင္တစ္ဦီး အပါအဝင္ လူငယ္(၄) ဦးကုိ စစ္တပ္မွ ဖမ္းဆီးခဲ့ျပီး ယခုအခ်ိန္ထိ ျပန္မလႊတ္ေပးေသး ေၾကာင္းသိရသည္။
မတူပီျမဳိ႕မွ လူငယ္တစ္ဦးက “ မေန႔ညက လမ္းသြားလမ္းလာသူေတြကုိ ပိတ္ျပီးေတာ့ဖမ္းတာ လူငယ္ ပါစတာအပါအဝင္ (၄) ေယာက္ေပါ့၊ ဖမ္းေတာ့ ရဲစခန္းမွာ ရဲအင္အားသိပ္မရွိေတာ့ ဗ်ဳဟာကုိတန္းပါသြားတာေပါ့၊ မပါသြြားခင္မွာလည္းထုိးတယ္၊ ၾကိတ္တယ္ ရုိက္္္ႏွက္တယ္၊ မေန႔ညကေတာ့ ကြ်န္ေတာ္တုိ႔ ရဲစခန္းထိ သြားျပီးေတာင္းေတာ့လည္းမရွိဘူး၊ ဗ်ဳဟာကလည္းညၾကီးဆုိေတာ့ မလုံျခဳံေတာ့မသြားၾကဘူး၊ ဒီမနက္ကုိ အမ်ဳိးသမီးအဖြဲ႔စည္းေရာ ျမဳိ႕မိ၊ ျမိဳ႕ဖေရာ သြားေတာင္းမယ္လုိ႔ေျပာတယ္၊” ဟု ေျပာသည္။
မတူပီျမဳိ႕မွ ဖမ္းဆီးခံရသူမွာ ကုိစုိင္းေနာလာ၊ ဆရာဗ်က္ထန္၊ အားငြန္း၊ ဆန္းေဒးဗစ္ တုိ႔ျဖစ္ၾကျပီး အ သက္ ၂၀ ႏွစ္မွ ၃၅ ႏွစ္အရြယ္လူငယ္မ်ားျဖစ္ၾကကာ မိသားစုကိစၥျဖင့္ အျပင္ထြက္သြားလာခ်ိန္တြင္ စစ္သားမ်ားမွ စန္ေဘာင္လမ္းဆုံတြင္ တားဆီးျပီး ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။
ယမန္ေန႔ ေန႔လည္ပိုင္းတြင္လည္း စစ္သားမ်ားက သပိတ္တြင္ပါဝင္သည္ဟု သံသယရွိေသာ လူတစ္ဦး၏ အိမ္ကုိ အိမ္တံခါးေသာ့ပ်က္စီးျပီး ဝင္ေရာက္ရွာေဖြေသာ္လည္း မေတြ႕သျဖင့္ ျပန္လည္ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ သပိတ္တြင္ အသုံးျပဳေသာ မိတၱဴႏွင့္ဗီႏိုင္းမ်ား ထုတ္ေပးသည္ဟု ယူဆသည့္ မိတၱဴဆိုင္မ်ားကိုလည္း ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.