Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် ချင်းအချင်းချင်းကြား အချိန်မရွေးစစ်ရေးတင်းမာမှုဖြစ်နိုင်၍ မြို့ပေါ်နှင့် မြို့အနီးက ပြည်သူများ ပြန်မလာကြရန် မတူပီ တပ်မဟာ – ၁ ထုတ်ပြန်

မတူပီမြို့တွင် ချင်းအချင်းချင်းကြား အချိန်မရွေးစစ်ရေးတင်းမာမှုဖြစ်နိုင်၍ မြို့ပေါ်နှင့် မြို့အနီးက ပြည်သူများ ပြန်မလာကြရန် မတူပီ တပ်မဟာ – ၁ ထုတ်ပြန်

0
By Editor on July 1, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှု အချိန်မရွေး ဖြစ်နိုင်သောကြောင့် မြို့တွင်းနှင့် မြို့အနီးကျေးရွာများကို ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်းခြင်း မပြုလုပ်ကြရန် CDF – မတူပီ၊ တပ်မဟာ – ၁ က သတင်းထုတ်ပြန်သည်။

မတူပီမြို့ စစ်ကောင်စီ၏ စစ်စခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း ‘ချင်း’ အချင်းအချင်း စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူများ ပြန်မလာကြသေးရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း CDF – မတူပီ၊ တပ်မဟာ – ၁ မှ ပြောရေးဆိုခွင့်ရှိသူ ကို Boi Uk က ပြောသည်။

“CNA (ချင်းအမျိုးသားတပ်မတော်) ဖက်က သူတို့ Victoria Camp ကို ပြန်မသွားသေးဘဲ မတူပီထဲကို နေရာချထားနေတုန်းမို့လို့ပါ။ သူတို့အပြောအဆို၊ ထုတ်ပြန်ချက်တွေအရ သူတို့ဖက်က ပြန်လာတိုက်တာမျိုး ရှိလာနိုင်ပါတယ်။ ကျနော်တို့ဖက်ကတော့ မြို့တွင်း မြို့ပြင် လုံခြုံရေအရ တပ်ဖြန့်ထားပါတယ်” ဟု ကို Boi Uk က ပြောသည်။

မတူပီမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များက ရက်ပေါင်း ၂၀ ကြာ ထိုးစစ်ဆင်ပြီးနောက် အမှတ် – ၃၀၄ ခြေမြန်တပ်ရင်း၊ အမှတ် – ၁၄၀ ခြေလျင်တပ်ရင်းနှင့် ချင်းပြည်တောင်ပိုင်းက အကြီးဆုံးစစ်ဗျူဟာကုန်းတို့ကို ဇွန်လ ၂၉ ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ကြသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အပါအဝင် CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်များနှင့် စစ်ရေးတင်း မာမှုများ အချိန်မရွေး ရှိလာနိုင်သဖြင့် မြို့တွင်းနှင့် မြို့အနီးအနားရှိ ကျေးရွာများကို ပြန်လည် အခြေချရေးနှင့်ပတ်သက်၍ တစုံတရာ မထုတ်ပြန်ခင်အထိ ဝင်ရောက်ခြင်း မပြုကြရန် မြို့သိမ်းပြီးနောက် ၁ ရက်ဖြစ်သည့် ဇွန်လ ၃၀ ရက်က CDF – မတူပီ၊ တပ်မဟာ – ၁ က ထုတ်ပြန်ခဲ့သည်။

မတူပီမြို့သိမ်း စစ်ဆင်ရေးကာလအတွင်း ချင်းညီနောင်ပူးပေါင်းတပ်ဖွဲများနှင့် ချင်းလဲန်းကောင်စီပူးပေါင်းတို့ကြား ဇွန်လ ၁၈ ရက်က ဖနိုင်ရွာမြောက်ဘက်တွင် ထိတွေ့တိုက်ပွဲများ အပြင်းအထန် စတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရလက်အောက်ရှိ ချင်းပူးပေါင်းတပ်များက မတူပီမြို့ စစ်ဆင်ရေးကို မဆုတ်ခွာဘဲ ဆက်လက်ဖော်ဆောင်နေကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဇွန်လ ၂၈ ရက် ပြောသည်။

မတူပီမြို့ လုံခြုံရေးနှင့် ပြန်လည် တည်ဆောက်ရေးကိစ္စများကို ဆက်လက် ဖော်ဆောင်မည်ဖြစ်ပြီး အခြား ချင်းဒေသကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့များကိုလည်း တတ်နိုင်သလောက် ပါဝင်နိုင်ရေးအတွက် အစီအမံများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ က ထုတ်ပြန်သည်။

“ကျနော်တို့က ပါဝင်ပူးပေါင်းချင်တဲ့ CDF အားလုံးကို ဆိုလိုတာပါ။ CDF- Mara၊ Zotung၊ Laut စတဲ့ ဒေသတပ်တွေလည်း ပူးပေါင်းမယ်ဆိုရင် ကြိုဆိုတဲ့ သဘောပါ” ဟု CDF – မတူပီ၊ တပ်မဟာ – ၁ မှ Boi Uk က ပြောသည်။

ပြည်သူများ ဘေးကင်းရေးအတွက် စစ်ကောင်စီ၏ မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မတူပီမြို့ လုံခြုံရေး၊ ပြန်လည်တည်ဆောက်ရေး၊ ဒဏ်ရာရ ရဲဘော်များ ကုသစောင့်ရှောက်ရေးနှင့် အခြားသော နောက်ဆက်တွဲ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် အားမလျော့ဘဲ ဆက်လက် ပူးပေါင်းကူညီထောက်ပံ့ကြရန် တပ်မဟာ – က အသိပေးနှိုးဆော်ထားသည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာရက္ခတပ်တော် (AA/ ULA) ၊ Yaw Army နှင့် Yaw Defense Force (YDF) တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.