Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် စစ်ကောင်စီတပ်တွင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးဟုဆို

မတူပီမြို့တွင် စစ်ကောင်စီတပ်တွင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးဟုဆို

0
By Editor on November 30, 2021 Headline

ချင်းပြည်နယ် မတူပီမြို့အခြေစိုက် ခလရ ၁၄၀ တပ်ရင်းတွင် စစ်ကောင်စီတပ်သားအချင်းချင်းသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံကာ သုံးပွင့်အဆင့်ရှိသည့် ဗိုလ်ကြီးတစ်ဦးနှင့် ၎င်း၏ ကိုယ်ရေးအရာရှိတစ်ဦး သေဆုံးမှု နိုဝင်ဘာလ ၂၆ ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က မတူပီမြို့နယ် ဖနိုင်-ငလိုင်ကျေးရွာအကြားတွင်တည်ရှိသော ခရိုင်ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါညတွင် ၁၄၀ တပ်ရင်းအတွင်း ယခုကဲ့သို့ အချင်းချင်းပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တပ်နှင့်နီးစပ်သည့် သတင်းရစ်မြစ်တစ်ဦးက ပြောသည်။

“အဲဒီတိုက်ပွဲဖြစ်တဲ့ညမှာပဲ တပ်ထဲမှာ သူတို့ အချင်းချင်းစိတ်ဝမ်းခွဲပြီး ပစ်ခတ်လို့ သုံးပွင့်ဗိုလ်နဲ့ သူကိုယ်ရေးအရာရှိက အဲ့မှာပဲ ပွဲချင်းသေတယ်၊ ၃ ယောက်ကေတာ့ အဆိပ်သင့်ပြီးတော့ အခု တပ်တွင်းဆေးရုံမှာပဲရှိနေတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် တပ်တွင်း အချင်းချင်းပစ်ခတ်လုပ်ကြံမှုနှင့်ပတ်သက်၍ ထုတ်ပြန်လေ့မရှိသကဲ့သို့ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့်လည်း ယင်းဖြစ်စဉ်အပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သို့သော်လည်း မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများတွင် တပ်တွင်းလုပ်ကြံမှု ယခင်ကလည်း ဖြစ်ပွားလေ့ရှိသည်။

မတူပီမြို့မှ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကမူ သုံးပွင့်ဗိုလ်နှင့် ၎င်း၏ ကိုယ်ရေးအရာရှိသေဆုံးမှုမှာ မှန်ကန်သော်လည်း တပ်တွင်း အချင်းချင်းပစ်ခတ်မှုကြောင့်မဟုတ်ပဲ အရက်ရှားပါးပြီး အရက်ပျံသောက်သုံးမှုကြောင့် ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ခိုနူမ်းသုန်ကိုပြောသည်။

“အရက်ပျံသောက်ပြီးမှ ဆုံးသွားတယ်လို့သိရတယ်၊ မတူပီမှာ အရက်လုံးဝရှားတယ်လေ၊ အရက်လုံးဝမရတော့ဘူး၊ ဒါကြောင့် အရက်ပျံသောက်တာနဲ့ သေတယ်လို့ပဲကြားတယ်၊ သတင်းအမှောင်ချတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။

မတူပီမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့ကလည်း ခလရ ၁၄၀ တပ်ရင်းတွင် ဗိုလ်ကြီးတစ်ဦးမှ တပ်တွင်း ဝါဒဖြန့်ကြေးနန်းစာဖတ်ပြနေစဉ်တွင် စစ်သားတစ်ယောက်မှ သေနတ်နှင့်ပစ်ခတ်ကာ သေဆုံးမှုဖြစ်ပွားခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.