Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် ပြည်သူများ ခရီးသွားလာခွင့် စစ်ကောင်စီ ပိတ်ပင်

မတူပီမြို့တွင် ပြည်သူများ ခရီးသွားလာခွင့် စစ်ကောင်စီ ပိတ်ပင်

0
By Editor on November 3, 2023 Headline

(02HH) 

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်တွင်ရှိသော စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး မြို့ တွင်းနေပြည်သူများ ခရီးသွားလာခွင့်ကို ရက်ကန့်သတ်မရှိ ပိတ်လိုက်သည်ဟု သိရသည်။

မတူပီ-ဟားခါးလမ်းမပေါ်တွင် တပ်စွဲထားပြီး အင်အားဖြည့်လာသည့် စစ်ကောင်စီစစ်ကြောင်းကို CDF-Matupi က လက်ဦးမှုယူပြီး တိုက်ခိုက်ပြီးနောက်ပိုင်းတွင် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု CDF-Matupi တာဝန်ခံ G-1 က ပြောသည်။

“ထိတွေ့မှုခနဖြစ်တာနဲ့ အခုမြို့ထဲမှာ အကုန်လုံးအပြင်ကို ထွက်ခွင့်ပိတ်ထားတယ်။ မြို့တွင်း ဧည်သည့်အဝင်အ ထွက်များရင်တော့ သူတို့မလုံခြုံဘူး၊ မြို့တွင်းအခြေအနေကို မြို့တွင်းကနေ အပြင်ထွက်သွားရင် ကျွန်တော်တို့စီ သတင်း ပြန်ရောက်တယ်လေ၊ ကြောက်သွားလို့ဖြစ်မှာကျွန်တော်တို့အဖွဲ့ကိုမသိစေချင်ဘူး သူတို့ လျို့ဝှက်နဲ့ ပိတ်ထားတာ။” CDF-Matupi တာဝန်ခံ G-1 က ပြောသည်။

အဆိုပါ ပိတ်ပင်မှုကြောင့် မတူပီမြို့အနီးအနားတွင်ရှိသော ကျေးလက်ပြည်သူများ မြို့တွင်း ဆီ၊ ဆား၊ ငပိ အပါအဝင် အခြားစားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများဝယ်ယူရန် ပိုအခက်အခဲတွေ့နေကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်က မြို့တွင်း၊မြို့ပြင် ခရီးသွားလာခြင်းပိတ်ထားသည်မှာ ၃ ရက်သာရှိနေသေးသော်လည်း လက်ရှိမတူပီမြို့ထဲတွင် စားသောက်ကုန်ပစ္စည်းအပါအဝင် ဆန်စျေးနှုန်းများ မြင့်တက်လာနေပြီဖြစ်သောကြောင့် ယခုထက်ရက်ကြာမြင့်ပါက ရိက္ခာပြတ်တောက်လာမည်ကို မြို့ခံများက စိုးရိမ်နေရသည်ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

“သူတို့အဲ့လိုပိတ်တာနဲ့စျေးတွေက ထိုးထိုးတက်လာတယ်၊ အခြေခံစားသုံးကုန်တွေက နယ်ဖက်ကလည်း ဆား၊ငပိတွေဝယ်မယ့်သူတွေအတွက် တော်တော်ခက်ခဲရှိတယ်။ အညံ့ဆုံးပေါ်ဆန်းတောင် ၉သောင်းနဲ့ တစ်သိန်းကြားမှာရှိတယ်။” ဟု မတူပီမြို့ခံက ပြောသည်။

မတူပီမြို့ပေါ်တွင် CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးတိုင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ  ပြည်သူများ မတူပီမြို့တွင်း၊မြို့ပြင် ခရီးသွားလာခြင်းမပြုရန် ပိတ်ထားလေ့ရှိပြီး ရက်သတ္တပတ်ခန့်ကြာမြင့် တတ်သည်ဟု CDF-Matupi က ပြောသည်။  

မတူပီမြို့ပေါ်တွင် MPT ဖုန်းလိုင်းတခုသာရှိပြီး မနက် ၆ နာရီမှ ည ၆နာရီအထိသာ အချိန်အကန့်သတ်ဖြင့် အသုံးပြုနေရကြသောကြောင့် မိသားစုနှင့် အဝေးမှာနေသူများအတွက် ဖုန်းဆက်သွယ်ရန် ပိုမိုခက်လာကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.