Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီကဖမ်းထားသည့် ၆ ဦးပြန်လွတ်ပြီး ၅ ဦး ဆက်လက်ထိန်းသိမ်းခံရ

မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီကဖမ်းထားသည့် ၆ ဦးပြန်လွတ်ပြီး ၅ ဦး ဆက်လက်ထိန်းသိမ်းခံရ

0
By Editor on April 10, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ် မတူပီမြို့တွင် ဧပြီလ ၇ ရက်နှင့် ၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီများ၏ ဖမ်းဆီးမှုခံခဲ့ရသည့် အရပ်ဖ က်အဖွဲ့အစည်းမှဦးဆောင်သူတစ်ချို့အပါအဝင် တက္ကသိုလ်ကျောင်းသား ၁၁ ဦးအနက် ၆ ဦးကို ပြန်လွှတ်ပေးပြီး ၅ ဦးကို ဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။
“ ၃ယောက်က အိမ်ကနေ ခေါ်တယ် စစ်မေးတယ်၊ ဘာမှမတွေ့လို့ ရဲစခန်းတောင် ရောက်မသွားဘူး မနေ့ကပဲ ပြန်လွတ် ပေးလိုက်တယ်၊ ကားပေါ်တင်ပြီး ရဲစခန်းရောက်သွားတာ ၈ ဦးရှိတယ်၊ အကုန်လုံးစစ်မေးတော့ နောက်ထပ် ၃ ဦးကိုတော့ ဘာပြစ်မှုမှမတွေ့လို့ သူတို့ကိုတော့ မနေ့ကပဲပြန်လွတ်လိုက်တယ်၊ ၅ ဦးကိုတော့ ဆက်ထိန်းထားတယ်၊ နှိပ်စက်တာတို့ ရှိတယ်လို့ ပြန်လွတ်လာတဲ့သူတွေကပြောတယ်၊” ဟု မတူပီဒေသခံလူငယ်တစ်ဦးကပြောသည်။
ယခုလက်ရှိအဖမ်းခံရသူ ၅ ဦးတို့မှာ တက္ကသိုလ်ကျောင်းသားဖြစ်ကြသော Salai Timothy, Salai Titus, Salai John Ahta, Salai Naung Naung နှင့် ပရဟိတအသင်းဥက္ကဌ ဦးထွန်းလင်းဦးတို့ဖြစ်ကြီး ၎င်းတို့ကို မြို့မရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားသည်ဟုသိရသည်။
အဆိုပါပုဂ္ဂိုလ်များသည် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှု တို့တွင် ပါဝင်ကြသည်ဟု သံသယရှိသော ကြောင့် ရဲနှင့် စစ်တပ်က ဖမ်းဆီးခြင်းဖြစ်ပြီး ၎င်းတို့၏ ကွန်ပျုတာ၊ ဖုန်း၊ အရေးကြီးစာရွက်စာတမ်းများ ကိုလည်းအသိမ်းခံ ရသည်ဟုသိရသည်။
ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်ရေးအတွက် မတူပီမြို့ရှိ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများက စစ်ကောင်စီနှင့်သွားရောက်ညှိနှိုင်းခဲ့သော်လည်း ပုဒ်မတပ်ပြီးအမှုဖွင့်တရားစွဲဆိုမည်ဟု စစ်ကောင်စီဘက်က ပြန်လည် ပြန်ပြောဆိုကြောင်းသိရသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္ မတူပီၿမိဳ႕တြင္ ဧၿပီလ ၇ ရက္ႏွင့္ ၈ ရက္ေန႔က အာဏာသိမ္းစစ္ေကာင္စီမ်ား၏ ဖမ္းဆီးမႈခံခဲ့ရသည့္ အရပ္ဖ က္အဖြဲ႔အစည္းမွဦးေဆာင္သူတစ္ခ်ဳိ႕အပါအ၀င္ တကၠသိုလ္ေက်ာင္းသား ၁၁ ဦးအနက္ ၆ ဦးကို ျပန္လႊတ္ေပးၿပီး ၅ ဦးကို ဆက္လက္ထိန္းသိမ္းထားသည္ဟု သိရသည္။
“ ၃ေယာက္က အိမ္ကေန ေခၚတယ္ စစ္ေမးတယ္၊ ဘာမွမေတြ႔လုိ႔ ရဲစခန္းေတာင္ ေရာက္မသြားဘူး မေန႔ကပဲ ျပန္လြတ္ ေပးလုိက္တယ္၊ ကားေပၚတင္ျပီး ရဲစခန္းေရာက္သြားတာ ၈ ဦးရွိတယ္၊ အကုန္လုံးစစ္ေမးေတာ့ ေနာက္ထပ္ ၃ ဦးကုိေတာ့ ဘာျပစ္မႈမွမေတြ႔လုိ႔ သူတုိ႔ကုိေတာ့ မေန႔ကပဲျပန္လြတ္လုိက္တယ္၊ ၅ ဦးကိုေတာ့ ဆက္ထိန္းထားတယ္၊ ႏွိပ္စက္တာတို႔ ရွိတယ္လုိ႔ ျပန္လြတ္လာတဲ့သူေတြကေျပာတယ္၊” ဟု မတူပီေဒသခံလူငယ္တစ္ဦးကေျပာသည္။
ယခုလက္ရွိအဖမ္းခံရသူ ၅ ဦးတို႔မွာ တကၠသိုလ္ေက်ာင္းသားျဖစ္ၾကေသာ Salai Timothy, Salai Titus, Salai John Ahta, Salai Naung Naung ႏွင့္ ပရဟိတအသင္းဥကၠဌ ဦးထြန္းလင္းဦးတို႔ျဖစ္ႀကီး ၎တို႔ကို ၿမိဳ႕မရဲစခန္းအခ်ဳပ္တြင္ ထိန္းသိမ္းထားသည္ဟုသိရသည္။
အဆိုပါပုဂၢိဳလ္မ်ားသည္ စစ္အာဏာရွင္ဆန္႔က်င္လႈပ္ရွားမႈႏွင့္ CDM လႈပ္ရွားမႈ တုိ႔တြင္ ပါဝင္ၾကသည္ဟု သံသယရွိေသာ ေၾကာင့္ ရဲႏွင့္ စစ္တပ္က ဖမ္းဆီးျခင္းျဖစ္ၿပီး ၎တုိ႔၏ ကြန္ပ်ဳတာ၊ ဖုန္း၊ အေရးၾကီးစာရြက္စာတမ္းမ်ား ကိုလည္းအသိမ္းခံ ရသည္ဟုသိရသည္။
ဖမ္းဆီးခံရသူမ်ားျပန္လည္လြတ္ေျမာက္ေရးအတြက္ မတူပီၿမိဳ႕ရွိ ဘာသာေရးေခါင္းေဆာင္မ်ား၊ ရပ္မိရပ္ဖမ်ားက စစ္ေကာင္စီႏွင့္သြားေရာက္ညွိႏိႈင္းခဲ့ေသာ္လည္း ပုဒ္မတပ္ၿပီးအမႈဖြင့္တရားစြဲဆိုမည္ဟု စစ္ေကာင္စီဘက္က ျပန္လည္ ျပန္ေျပာဆိုေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.