Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်က ကုန်းသွယ်ရေးလမ်းများ မနက်ဖြန်မှစတင်၍ ပြန်ဖွင့်လှစ်ပေးမည်ဟု MRO ထုတ်ပြန်

မတူပီမြို့နယ်က ကုန်းသွယ်ရေးလမ်းများ မနက်ဖြန်မှစတင်၍ ပြန်ဖွင့်လှစ်ပေးမည်ဟု MRO ထုတ်ပြန်

0
By Editor on August 27, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၏ လုံခြုံရေး အခြေအနေအရ ကုန်သွယ်ရေးလမ်းများ ခေတ္တပိတ်ထားခဲ့ရာ မနက်ဖြန်မှစတင်၍ ကုန်သွယ်ရေးလမ်းကြောင်းများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ပေးမည်ဟု MRO/ CDF – မတူပီက ထုတ်ပြန်သည်။

“အများပြည်သူ အသုံးပြုနေတဲ့လမ်းက ပုံမှန်အခြေအနေမှာဆို အမြဲတမ်းဖွင့်ထားပါတယ်။ အရေးပေါ်အခြေအနေ ကြောင့် ခေတ္တပိတ်ပင်ထားပေမယ့် အခုက ပုံမှန် ပြန်လည်ပတ်တဲ့သဘောပါ။ မတူပီမြို့နယ်ထဲက ကုန်ကူးတဲ့ လမ်းတွေအားလုံးကိုလည်း ဖွင့်လှစ်ပေးမှာပါ” ဟု MRO/ CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုတ်က ပြောသည်။

ဩဂုတ်လ ၆ ရက်မှစတင်၍ မတူပီမြို့နယ်၏ လုံခြုံရေးအခြေအနေအရ ကုန်သွယ်ရေးလမ်းများ ခေတ္တ ပိတ်ထား ခဲ့ရသည်ဟု မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီထံမှ သိရသည်။

လက်ရှိတွင် မနက်ဖြန် ဩဂုတ်လ ၂၈ ရက်မှစတင်ပြီး ပိတ်ပင်ထားသော ကုန်သွယ်ရေးလမ်းကြောင်းများကို MRO/ ကုန်သွယ်ရေးဌာနက သတ်မှတ်စည်းကမ်းချက်တချို့ဖြင့် ပြန်လည်ဖွင့်လှစ်တော့မည်ဟု အသိပေးထုတ်ပြန်လိုက်သည်။

ကုန်သွယ်ရေး စည်းကမ်းသတ်မှတ်ချက်များမှာ ရောင်းရန် ကုန်စည်များအားလုံး ကုန်စည်ခွန်ပေးဆောင်ရမည်ဖြစ်ပြီး မိုးရာသီ ကားလမ်းအခြေအနေအရ အိမ်စီးကားနှင့် ကားလေး (ယာဉ်သေး) များသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု သိရသည်။

Forland နှင့် အထက် ယာဉ်ကြီးများအပါအဝင် ကားကြီးများ ဝင်/ ထွက်သွားလာခြင်း ခွင့်မပြုသေးကြောင်း၊ မတူပီဒေသအတွင်း ရောင်းချမည့် ကုန်များကိုသာ ယာဉ်ကြီး (Forland) များဖြင့် သယ်ဆောင်နိုင်သည်ဟု သတ်မှတ်ထားသည်။

MRO/ ကုန်သွယ်ရေးဌာနက ထုတ်ပြန်ပြီးဖြစ်သော ကုန်သွယ်ရေး စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်ပါက အရေးယူခြင်း ခံရမည်ဟု MRO/ CDF – မတူပီက ထုတ်ပြန်သည်။

ဇူလိုင်လကလည်း MRO/ CDF – မတူပီနှင့် ကျေးရွာလူထု ပူးပေါင်း၍ မိုးတွင်းကာလ မြောင်းရေတိုက်စားမှုကြောင့် ပျက်စီးနေသော မတူပီ- လိုင်လင်းပီ- မီဇိုရမ် လမ်းပိုင်းကို ပြန်လည်ပြုပြင်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျချောင်းရေးကြီးခြင်း၊ လမ်းပြိုခြင်းတို့ကြောင့် ပျက်စီးနေသော မတူပီ – မင်းတပ်လမ်းပိုင်းကို ဇူလိုင်လအတွင်းမှာပင် ပြင်ဆင်ခဲ့ရကြောင်း သိရသည်။

လမ်းများပျက်စီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားခဲ့သော မတူပီ – ဆမီလမ်းကိုလည်း ဇူလိုင်လဆန်းပိုင်းက MRO/ CDF – မတူပီက ပြန်လည်း ပြုပြင်ခဲ့ရပြီး ယာဉ်ငယ်များကိုသာ ဖြတ်သန်းသွားလာခွင့် ပြုထားကြောင်းသိရသည်။

ချင်းညီနောင်အဖွဲ့ဝင် MRO/ CDF – မတူပီသည် မတူပီမြို့ပေါ်အပါအဝင် မတူပီမြို့နယ် ဧရိယာအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် အုပ်ချုပ်ရေးယန္တရားများလည်ပတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ချင်း- မကွေး နယ်စပ်တွင် စစ်ကော်မရှင်တပ်များ၏ စစ်ရေးပြင်ဆင်နေမှုများကြောင့် ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်- မကွေးတိုင်းဘက်ကို ဆက်သွယ်ထားသော လမ်းပိုင်းများအားလုံးကို ဩဂုတ်လ ၂၀ ရက်မှစတင်၍ ယာယီပိတ်ထားကြောင်း CDF – ကန်ပက်လက်က ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.