Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်က စစ်ဗျူဟာဌာနချုပ်စခန်းကို CDF-Matupi က ဝင်ရောက်စီးနင်းတိုက်ခိုက်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအပါအဝင် ၃ ဦးသေဆုံး

မတူပီမြို့နယ်က စစ်ဗျူဟာဌာနချုပ်စခန်းကို CDF-Matupi က ဝင်ရောက်စီးနင်းတိုက်ခိုက်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအပါအဝင် ၃ ဦးသေဆုံး

0
By Editor on May 8, 2023 Headline

ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ် စစ်ဗျူဟာဌာနချုပ်စခန်းကို မေလ (၅) ရက်နေ့ ညနေ (၄း၀၀) နာရီအချိန်မှာ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီ စစ်ဗျူဟာဌာနချုပ်စခန်းကို CDF-Matupi တပ်ဖွဲ့က အထူးစစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှုး ဗိုလ်မှုးကြီး စိုးမင်းလတ်နှင့် ဗိုလ်မှူးတစ်ဦး၊ စစ်ဗျူဟာမှူး ယာဉ်မောင်းတပ်သားတစ်ဦး စုစုပေါင်း (၃) ဦးသေဆုံးခဲ့ပြီး MA 3 တစ်လက် ရရှိခဲ့သည်ဟု CDF-Matupi က ထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

မတူပီမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ယန္တရားများလည်ပတ်နိုင်ရန် အထောက်အကူဖြစ်စေသော စစ်ကောင်စီမှ ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်များ၊ ရုံးဝန်ထမ်းများနှင့် အခြား စစ်ကောင်စီလက်ပါးစေများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟုလည်း CDF-Matupi က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.