Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့နယ်တွင် စစ်ကောင်စီနှင့် CDF-Matupi တပ်တို့ တိုက်ပွဲထမ်မံဖြစ်ပွားနေ

မတူပီမြို့နယ်တွင် စစ်ကောင်စီနှင့် CDF-Matupi တပ်တို့ တိုက်ပွဲထမ်မံဖြစ်ပွားနေ

0
By Editor on January 4, 2022 Khonumthung

ချင်းပြည်နယ်၊ မတူပီမြို့နှင့် ၃၈ မိုင်ကွာဝေးသော မတူပီ- ပလက်ဝ လမ်းမပေါ်က ထယ်ဘွေး တပ်စခန်းတွင် ယနေ့မနက် ၉ နာရီကျော်ကနေစတင်ပြီး CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားနေသည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။

“ အခုလောလောဆယ် ၉း၄၂ မှာ ထိတွေ့မှုရှိနေတယ်။ သူတို့ဖက်ကနေလည်း လက်နက်ကြီးနဲ့ ပစ်နေ တဲ့ဟာရှိတယ်။ကျွန်တော်တို့လည်း သူတို့ကို ပြန်ပြီးတော့မှ တိုက်ခိုက်နေတဲ့ အနေအထားဖြစ်ပြီး နှစ်ဖက်တင်းမာမှုတွေရှိနေတယ်။ မတူပီ-ပလက်ဝလမ်းပေါ်က ထယ်ဘွေးတပ်စခန်းမှာပဲ။” ဟု CDF-Matupi ပြန်ကြားရေး တာဝန်ခံတစ်ဦးကပြောသည်။

ဇန်နဝါရီလ ၃ ရက်၊ (ယမန်နေ့) ခုနှစ်နာရီခွဲကလည်း မတူပီ- ပလက်ဝလမ်းမပေါ် ထယ်ဘွေးတပ်စခန်းကို CDF-Matupi တပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့က မတူပီ-ပလက်ဝလမ်းနှင့် မတူပီ-ဟားခါးလမ်း ၂ နေရာတို့တွင် CDF-Matupi နှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်းခဲ့ပြီး CDF-Matupi တပ်ဖွဲ့ရဲဘော် တစ်ဦး မိုင်းဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရကြောင်းသိရသည်။

ထို့အပြင် ယမန်နေ့ညနေ ၅ နာရီခွဲအချိန်တွင်လည်း မတူပီ- ဟာခါးလမ်းမပေါ်က ဖနိုင်ရွာ နှင့် ငလိုက်ရွာကြား အင်အားအလုံးအရင်းနှင့် ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ CDF-Matupi က စစ်ကောင်စီတပ်သား နှစ်ဦးကို လက်ရဖမ်းဆီးမိကြောင်းလည်းသိ ရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.