Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်တွင် စစ်ကျန်လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦးဒဏ်ရာရ

မတူပီမြို့နယ်တွင် စစ်ကျန်လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦးဒဏ်ရာရ

0
By Editor on August 21, 2025 Headline

(004SS)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခြန်းပြန်း(က) ကျေးရွာတွင် စစ်ကျန်လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ကျောင်းနေအရွယ် ကလေးငယ် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂ ဦးမှာ ဒါဏ်ရာပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၈ ရက်နေ့ နေ့ခင်းပိုင်းက ကျေးရွာ၏ရွာစွန်ဘက်ရှိ နေအိမ်တစ်လုံးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မပေါက်ကွဲဘဲ ကြာမြင့်စွာကျန်ရှိနေခဲ့သည့် ၆၀-မမ လက်နက်ကြီးကျည်တစ်ခုအား ကလေးများ ဆော့ကစားနေစဉ် ပေါက်ကွဲခဲ့ခြင်းဟု သိရသည်။

ဒေသခံနှင့် နီးစပ်သူအမျိုးသားတစ်ဦးက “အခုဟာက စစ်ကျန်လက်နက်ကြီးကျည် ၆၀ မမ ပေါက်ကွဲ တာပါ။ အဲနားမှာ ကလေးတွေ ဆော့ကစားတယ်ထင်တယ်၊ သူတို့ဆော့ရင်း ခိုက်မိတာ။ အဲဒီကလေးတွေ ဒါဏ်ရာရတယ် အဲမှာ ၂ ယောက်ကတော့ ပြင်းပြင်းထန်ထန် ဒါဏ်ရာရတယ်လို့ ‌ကြားတယ်” ဟု ပြောသည်။

ဒဏ်ရာရရှိသူ ကလေးများမှာ အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ဖြစ်ပြီး ပေါက်ကွဲမှုဒဏ်ကို တိုက်ရိုက်ခံခဲ့ရသူတစ်ဦးအပါအဝင် အနီးအနားရှိ အခြားကလေးများလည်း ဒဏ်ရာရရှိခဲ့ကြခြင်းဟု ၎င်း၏ပြောပြချက်အရ သိရသည်။

ပြင်းထန်ဒဏ်ရာရရှိသည့် ကလေးနှစ်ဦးအနက် တစ်ဦးကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ရှိ ဆေးရုံသို့ အရေးပေါ်ခေါ်ဆောင်သွားကြောင်း၊ အခြား ဒါဏ်ရာရရှိသူ ကလေးငယ်များအား နီးစပ်ရာ ဆေးရုံသို့ ‌ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသည် ယခင်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CDF-Matupi) ၏ စခန်းဟောင်းဟု သတင်းရရှိ ထားသော်လည်း ပေါက်ကွဲသည့် လက်နက်ကျည်သည် မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ခြန်းပြန်းရွာသည် မတူပီမြို့နယ်မှ ၁၀ မိုင်ခန့်သာကွာဝေးသည့် မတူပီ-မင်းတပ်လမ်းမပေါ်ရှိကျေးရွာဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့မှုများပြုလုပ်ခဲ့သည်။

ထို့အပြင် ယခင်က CDF- Matupi တပ်မဟာ (၁) ၏ စခန်းတည်ရှိရာဖြစ်ရာ ၂၀၂၄ ခုနှစ် ဇွန်လ ၅၊ ၆ ရက်န့များတွင် စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့် ရွာလည်း ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.