Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

0
By Editor on March 23, 2023 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် မတူပီ-ပလက်ဝ လမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို CDF-Matupi တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ (၃၀၄) မှ ကား (၃) စီးအပါအဝင် တပ်အင်အား (၈၀) ခန့်သည် မတ်လ ၂၀ ရက်နေ့က မတူပီ- ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေးစခန်းသို့ တပ်အင်အားနှင့် စားနပ်ရိက္ခာများ ဖြည့်ရန် သွားနေစဉ် CDF-Matupi တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကို အာရွန် ပြောသည်။

“စုစုပေါင်းတိုက်ပွဲက ၄ ကြိမ်ဖြစ်တယ်။ အဲ့ထဲမှာ ၁၂ ယောက်လောက် စကစဘက်က ကျတယ်။ ကျွန်တော်တို့ဘက် ရဲဘော်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး၊ တိုက်ပွဲက ဆက်လက်ပြင်းထန်လာနိုင်သေးတယ်။ ထယ်ဘွေးစခန်း မရောက်မချင်းပေါ့။” ဟု CDF-Matupi တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအာရွန်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့တို့သည် မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီတွင် မတူပီ-ပလက်ဝလမ်း ခြောက်မိုင်၌တကြိမ်၊ ညနေ ၁ နာရီတွင် ခုနှစ်မိုင်နှင့် ရှစ်မိုင်ကြားမှာ တကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ရာ ယင်းနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဆက်လက်ပြီး မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းတွင်လည်း မတူပီ-ပလက်ဝလမ်းကြား ကိုးမိုင်နှင့် တွီရှစ်ရွာအဝင်တွင် တိုက်ပွဲနှစ်ကြိမ် ထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရှိခဲ့သည်ဟု CDF-Matupi က ထုတ်ပြန်သည်။

မတူပီ-ဟားခါးလမ်းတွင် တပ်ချထားသည့် ဗျူဟာတပ်စခန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဝလီပီကျေးရွာတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပြည်သူများ အထိအခိုက်မရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.