Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့နယ်ပညာရေးမှူး ဦးတင်လွေးကို CDF-Matupi က ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်

မတူပီမြို့နယ်ပညာရေးမှူး ဦးတင်လွေးကို CDF-Matupi က ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်

0
By Editor on October 18, 2022 Khonumthung

ချင်းပြည်နယ် မတူပီမြို့ မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို CDF-Matupi တပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် CDF-Matupi က ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။

ဦးတင်လွေးသည် အောက်တိုဘာလ ၁၆ ရက်ညက မတူပီမြို့က နေအိမ်တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

CDF-Matupi ၏ ရှင်းလင်းချက်တွင် ဦးတင်လွေးသည် စစ်ကောင်စီ၏ ပညာရေးယန္တရားကို အဓိကလည်ပတ်စေသည့် Non-CDM တစ်ဦးဖြစ်ပြီး CDM သမားများကို အမျိုးမျိုးခြိမ်းခြောက်ကာ Non-CDM ပြန်လည်ပြုလုပ်ကြရန် ဖိအားပေးခြင်း၊ CDM စာရင်းများကို စစ်ကောင်စီထံပေးပို့ခြင်း အချိူ့သော CDM သမားများ၏စာရင်းကို လျှိ့ဝှက်ပြီး စစ်ကောင်စီအငြိမ်းစား ဗိုလ်မှူးဝင်းနိုင်နှင့် ပူးပေါင်းကာ CDM သမားများ၏ လစာကိုထုတ်ယူကြောင်း ဖော်ပြသည်။

CDF-Matupi အနေဖြင့် ဦးတင်လွေးကို စာအားဖြင့် ၃ ကြိမ်၊ နှုတ်အားဖြင့် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လုံးဝလိုက်နာခြင်းမရှိပဲ CDF-Matupi ကို ပြန်လည်ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

CDF-Matupi ၏ အသိပေးထုတ်ပြန်ချက်များဖြစ်သည့် ကြေညာချက်စာအမှတ် (၂/၂၂) နှင့် စာအမှတ် (၄/၂၂) အရ ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ စစ်အာဏာရှင်စနစ်ဖြိုခွင်းရာတွင် စစ်ကောင်စီ၏ အဓိကထောက်တိုင်အဖြစ် ရပ်တည်သူဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.